Select Page

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ယန္တရားများနှင့် အစီအစဉ်များကို ရေးဆွဲတည်ဆောက် အကောင်အထည်ဖော်ဆောင်ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများက အမျိုးသားများနှင့် အမျိုးသမီးများအပေါ် မည်ကဲ့သို့ မတူခြားနားစွာ ထိခိုက်ကြောင်းကို နားလည်ရန် အရေးကြီးပါသည်။ ထိုအခါမှသာ အမျိုးသားများနှင့် အမျိုးသမီးများ၏ ကွဲပြားခြားနားသော အတွေ့အကြုံများ၊ လက်နက်ကိုင်ပဋိပက္ခများ၏ ကျားမကွဲပြားမှုအလိုက် ထိခိုက်မှု (gendered) (မှတ်ချက်။ ကျားမလိင်ကွဲပြားမှုအရ ကျားနှင့် မတို့အပေါ်တွင် ထိခိုက်မှုများ) နှင့်ရေရှည်ထိခိုက်မှုများကို ပြည့်စုံလုံလောက်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်သော ယန္တရားများ ဖြစ်လာနိုင်ပါသည်။ 

ပဋိပက္ခများ ဖြစ်ပွားနေသော ကာလအခြေအနေတစ်ခုတွင်သာ ချိုးဖောက်ကျူးလွန်မှုပမာဏ ကြီးထွားမြင့်မားလာသည်ကို တွေ့ရလေ့ ရှိသော်လည်း၊ အမျိုးသမီးများကိုသာ သီးသန့် ထိခိုက်စေသော ကြီးမားပြင်းထန်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ပဋိပက္ခအကြိုကာလနှင့် ပဋိပက္ခအလွန်ကာလများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

ဤသင်ခန်းစာတွင်၊ ကျောင်းသားများသည် အစုလိုက်အပြုံလိုက်လူ့အခွင့်အရေးချိုးဖောက်မှုများ၏အခြေအနေတွင် ကျား-မအခြေခံအကြမ်းဖက်မှု (GBV) သဘောတရားကို မိတ်ဆက်ပေးမည်ဖြစ်သည်။

ရှေ့အကြောင်းအရာသို့ မလေ့လာမှီ ကျားမကွဲပြားမှုနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအကြောင်း နောက်ခံအကြောင်းအရာများနှင့် အခြေအနေများ နားလည်နိုင်ရန်အတွက် အောက်ပါဗီဒီယိုကို ကြည့်ရှုပါ။