- The ICC seeks to complement, not replace, national courts. It prosecutes cases only when states are unable or unwilling to carry out proceedings. This provides an incentive for states to provide justice at the domestic level.
- ICC သည် ပြည်တွင်းတရားရုံးများကို အစားထိုးရန်မဟုတ် ထောက်ကူပံ့ပိုးပေးရန်သာ ရည်ရွယ်ပါသည်။ အမှုများကို တရားစွဲဆိုရန် နိုင်ငံတော်အနေဖြင့် မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် ဆန္ဒမရှိသည့်အခါမျိုးတွင် ICC က အရေးယူဆောင်ရွက်ပါသည်။ ထိုအချက်က နိုင်ငံတော်များအနေဖြင့် ပြည်တွင်းအဆင့်တွင် တရားမျှတမှု ရှာဖွေဆောင်ရွက်ပေးရန် တိုက်တွန်းလှုံ့ဆော်အားပေးအားမြောက် ပြုပါသည်။
- All states parties should bring their laws into conformity with the Rome Statute and build capacity to investigate and prosecute war crimes, crimes against humanity, and genocide at the domestic level.
- အဖွဲ့ဝင်နိုင်ငံများအားလုံးသည် ၎င်းတို့၏ ဥပဒေများကို ရောမစာချုပ်နှင့်အညီဆောင်ရွက်ထားရမည်ဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို ပြည်တွင်းအဆင့်တွင် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း ဆောင်ရွက်နိုင်ရန် စွမ်းရည်ကိုလည်း မြှင့်တင်တည်ဆောက်ထားရမည်ဖြစ်သည်။
- Even if the motivation of domestic courts is to avoid the ICC, the pursuit of domestic criminal justice conducted to an international standard and the development of new domestic capaci ties should be seen as overall gains.
- အကယ်၍ ပြည်တွင်းတရားရုံးများကို အသုံးပြုရန် စိတ်အားထက်သန်ခြင်းသည် ICC ကို ရှောင်လွှဲရေးအတွက် ဖြစ်ပါကလည်း၊ နိုင်ငံတကာစံနှုန်းများအတိုင်း ကျင်းပဆောင်ရွက်သော ပြည်တွင်းရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ရှာဖွေဆောင်ရွက်မှုများနှင့် ပြည်တွင်းစွမ်းဆောင်ရည်အသစ်များ ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်စုံလုံးအားဖြင့် အမြတ်ရသည့် တိုးတက်မှုအဖြစ် ရှုမြင်သင့်သည်။
More effective pursuit of international crimes at the domestic level will alleviate some concerns that the ICC targets only crimes in certain locations, such as the African continent. Domestic justice, if enforced to certain standards, can carry a high degree of legitimacy, can escape somlimitations to the ICC’s jurisdiction, and can be better suited to the local context. The expan sion of domestic legislation may also result in extra-territorial options that serve to “tighten the net” in respect to perpetrators.
- အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများကို ပြည်တွင်းအဆင့်တွင် ပိုမိုထိရောက်စွာ ရှာဖွေဆောင်ရွက်နိုင်ခြင်းသည် ICC က အာဖရိကတိုက်ကဲ့သို့သော အချို့သောဒေသများမှ ရာဇဝတ်မှုများကိုသာ ပြစ်မှတ်ထားနေသည်ဆိုသည့် စိုးရိမ်ပူပန်မှုများကို လျော့ပါးသက်သာစေလိမ့်မည် ဖြစ်ပါသည်။ စံနှုန်းအဆင့်တစ်ခုနှင့် ကိုက်ညီအောင် ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းတရားမျှတမှုသည် တရားဝင်မှုမြင့်မားနိုင်ပြီး ICC ၏ တရားစီရင်ပိုင်ခွင့်အတွက် အချို့သော အကန့်အသတ်များမှ လွတ်ကင်းနိုင်ကာ ဒေသဆိုင်ရာအခြေအနေများနှင့် ပိုမို၍ သင့်လျော်နိုင်မည် ဖြစ်ပါသည်။ ပြည်တွင်းဥပဒေများကို ချဲ့ထွင်ခြင်းသည် ပြစ်မှုကျူးလွန်သူများနှင့် စပ်လျဉ်း၍ “ပိုက်ကွန်ကို တင်းကျပ်စေရန်” ဆောင်ရွက်ပေးသည့် တရားစီရင်ပိုင်ခွင့်နယ်မြေကို ပိုမိုကျယ်ပြန့်စေနိုင်သော ရွေးချယ်ခွင့်များ ဖြစ်ပေါ်လာစေနိုင်ပါသည်။
- International prosecutions are expensive and limited by constraints on resources. The focus has increasingly been on those bearing the greatest responsibility. More cases on the do mestic level may make it possible to encompass mid-level perpetrators. On the other hand, domestic courts tend to have even fewer resources. Other transitional justice mechanisms are needed to ensure that redress is available for a large number of victims.
- နိုင်ငံတကာတရားစွဲဆိုမှုများသည် ကုန်ကျစရိတ် အလွန်ကြီးမားပြီး အရင်းအမြစ်ကန့်သတ်ချက်များဖြင့် ဘောင်ခတ်ကန့်သတ်ထားသည်။ အမြင့်ဆုံးတာဝန်ရှိသူကိုသာ ပိုမို၍ အာရုံစိုက်လာကြသည်။ အကယ်၍ ပြည်တွင်းအဆင့်တွင် အမှုများကို ပိုမိုဆောင်ရွက်ပါက အလယ်အလတ်အဆင့် ကျူးလွန်သူများကိုလည်း ပါဝင်အကြုံးဝင်စေနိုင်မည်ဖြစ်သည်။ အခြားတဖက်တွင်လည်း ပြည်တွင်းတရားရုံးများသည် အရင်းအမြစ်ပိုမိုနည်းပါးကြသည်ကို တွေ့ရှိရသည်။ အခြားအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု ယန္တရားများသည် ကျူးလွန်ခံရသူအရေအတွက် အများအပြားအတွက် ပြန်လည်ကုစားဖြေရှင်းမှုများ ရရှိနိုင်ရန် အာမခံရမည်ဖြစ်သည်။
- Building better connections, or complementarity, between international and domestic justice actors entails refocusing international justice efforts away from international tribunals and toward rebuilding domestic justice systems.
- ပြည်တွင်းနှင့်နိုင်ငံတကာ တရားမျှတမှုဆောင်ရွက်သူများအကြား ပိုမိုကောင်းမွန်သော ဆက်သွယ်မှုများ သို့မဟုတ် တစ်ခုနှင့်တစ်ခု ထောက်ကူပြုပံ့ပိုးပေးခြင်းကို တည်ဆောက်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာတရားမျှတမှု ကြိုးပမ်းဆောင်ရွက်ချက်များသည် နိုင်ငံတကာခုံရုံးများတွင်ရှာဖွေခြင်းမှ ဖယ်ခွာ၍ ပြည်တွင်းတရားမျှတမှုစနစ်များ ပြန်လည်တည်ဆောက်ခြင်းဘက်ဆီသို့ ပြန်လည်အာရုံစိုက်မှုများ မလွဲမသွေဖြစ်ပေါ်လာစေပါသည်။