Select Page
Topic Progress:
  • The Office of the Prosecutor must determine whether there is sufficient evidence of crimes that fall within the ICC’s jurisdiction, whether there are genuine national proceedings, and whether opening an investigation would serve the interests of justice and of the victims.
  • ရာဇဝတ်မှုများသည် ICC ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် အကျုံးဝင်သည့် လုံလောက်သော သက်သေအထောက်အထားများရှိ/မရှိကို လည်းကောင်း၊ နိုင်ငံအတွင်း စစ်မှန်သော ရှေ့တိုးဆောင်ရွက်ချက်များရှိ/မရှိကိုလည်းကောင်းနှင့် အကယ်၍ စုံစမ်းစစ်ဆေးမှုတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပါက တရားမျှတမှုနှင့် ကျူးလွန်ခံရသူများ၏ အကျိုးကို အထောက်အပံ့ပြု ဖြည့်ဆည်းနိုင်ခြင်း ရှိ/မရှိတို့ကိုလည်းကောင်း၊  ရှေ့နေရုံးက လေ့လာဆုံးဖြတ်ရမည်။ 
  • If the requirements to initiate an investigation are not met, or if the situation or crimes are not under the ICC’s jurisdiction, the ICC’s prosecution cannot investigate. The prosecution may again
  • အကယ်၍ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်ရန် လိုအပ်ချက်များ မပြည့်မီပါက၊ သို့မဟုတ် အခြေအနေ သို့မဟုတ် ရာဇဝတ်မှုများသည် ICC ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် အကျုံးဝင်ခြင်းမရှိပါက၊ ICC က စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ အမှုစွဲဆိုသူများက သက်သေအထောက်အထားအသစ်များကို ထပ်မံတင်ပြခြင်းဖြင့် စွပ်စွဲချက်များ ခိုင်မာကြောင်း သက်သေပြနိုင်သည်။  
  • After gathering evidence and identifying a suspect, the prosecution requests ICC judges to issue an arrest warrant. The ICC relies on countries to make arrests and transfer suspects to the ICC, or to issue a summons to appear (suspects appear voluntarily; if not, an arrest warrant may be issued).
  • သက်သေအထောက်အထားများကို စုဆောင်းခြင်းနှင့် သံသယရှိသူကို ဖော်ထုတ်မှု ပြီးစီးပါက ဖမ်းဆီးမိန့်ဝရမ်း ထုတ်ပြန်ပေးရန် အမှုစွဲဆိုသူများက ICC တရားသူကြီးများကို တင်ပြတောင်းခံပါမည်။ သံသယရှိသူကို ဖမ်းဆီးရန်နှင့် ICC သို့ လွှဲပြောင်းပေးရန်အတွက် ICC အနေဖြင့် နိုင်ငံများကို မှီခိုနေရပါသည်။ သို့မဟုတ် ဆင့်ခေါ်လွှာပေးပို့၍ ဆင့်ခေါ်နိုင်ပါသည် (အကယ်၍ သံသယရှိသူက တရားရုံးရှေ့မှောက် လာရောက်အစစ်ဆေးခံရန် ဆန္ဒရှိပါက၊ အကယ်၍ ဆန္ဒမရှိပါက ဖမ်းဆီးမိန့်ဝရမ်းတစ်ခုကို ထုတ်ပြန်နိုင်သည်။)
  • Initial appearance: Three pre-trial judges confirm the suspect’s identity and ensure the suspect understands the charges. Confirmation of charges hearings: After hearing the prosecution, the defence, and the legal representative of the victims, the judges decide (usually within 60 days) if there is enough evidence for the case to go to trial. If the suspect is not arrested or does not appear, legal submissions can be made, but hearings cannot begin.
  •   ကနဦးလာရောက်စစ်ဆေးခံထွက်ဆိုခြင်း – အကြိုတရားရုံးတရားသူကြီး ၃ ဦးက သံသယရှိသူ (စွပ်စွဲခံရသူ) ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပြီး သံသယရှိသူအနေဖြင့် သူ့အပေါ် စွပ်စွဲချက်များကို နားလည်စေရန် သေချာစွာ ရှင်းပြသည်။ စွပ်စွဲချက်များကို ကြားနာအတည်ပြုခြင်း – အမှုစွဲဆိုသူများ၊ ခုခံချေပသူ (စွပ်စွဲခံရသူနှင့် သူ၏ရှေ့နေ)နှင့် ကျူးလွန်ခံရသူများ၏  ဥပဒေဆိုင်ရာကိုယ်စားလှယ်များကို ကြားနာစစ်ဆေးမှုပြီးနောက်တွင် တရားသူကြီးများက (ပုံမှန်အားဖြင့် ရက်ပေါင်း ၆၀ အတွင်း) အမှုကို တရားခုံရုံးသို့ တင်သွင်းစွဲဆိုစစ်ဆေးနိုင်ရန် လုံလောက်သော သက်သေအထောက်အထားရှိ/မရှိ ကို ဆုံးဖြတ်ချက်ချမှတ်သည်။ အကယ်၍ သံသယဖြစ်ခံရသူကို ဖမ်းဆီးနိုင်ခြင်း သို့မဟုတ် လာရောက်စစ်ဆေးခံခြင်း မရှိပါက၊ တရားဥပဒေဆိုင်ရာ တင်သွင်းမှုများကို ဆောင်ရွက်နိုင်သည်။ သို့သော် ကြားနာမှုများကို စတင်နိုင်မည်မဟုတ်ပါ။
  • Before three trial judges, the prosecution must prove beyond reasonable doubt the guilt of the accused. Judges consider all evidence, then issue a verdict and, when there is a verdict of guilt, issue a sentence. Judges can also order reparations for the victims. If there is not enough evidence, the case is closed and the accused is released.
  •  တရားသူကြီး ၃ ဦး၏ ရှေ့မှောက်တွင် တရားစွဲဆိုသူများက စွပ်စွဲခံရသူ၏ ပြစ်မှုများနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျှော်သော သံသယကို ကျော်လွန်ကြောင်း (မှတ်ချက်။ beyond a resonable doubt ဆိုသည်မှာ ဥပဒေပိုင်းဆိုင်ရာအရ အပြစ်ရှိကြောင်း အထောက်အထားများနှင့်တကွ သက်သေများတင်ပြခြင်း) သက်သေပြရမည်ဖြစ်သည်။ တရားသူကြီးများက သက်သေအထောက်အထားအားလုံးကို သုံးသပ်ပြီးနောက်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထုတ်ပြန်ပါသည်။ ထိုဆုံးဖြတ်ချက်က အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ဖြစ်ပါက ပြစ်ဒဏ်တစ်ခုကို ချမှတ်ပါသည်။ တရားသူကြီးများက ကျူးလွန်ခံရသူ/နစ်နာသူများအတွက် ပြန်လည်ကုစားရေး အစီအစဉ်များ ဆောင်ရွက်ပေးရန်လည်း အမိန့်ပေးချမှတ်နိုင်သည်။အကယ်၍ လုံလောက်သောသက်သေအထောက်အထားများကို မတွေ့ရှိရပါက အမှုကို ပိတ်သိမ်းပြီး သံသယရှိသူကို လွတ်မြောက်ခွင့်ပြုသည်။
  • Both the prosecutor and the defence have the right to appeal a Trial Chamber’s verdict and the sentence. The victims and the convicted person may appeal an order for reparations. An appeal is decided by five judges of the Appeals Chamber who are never the same judges as those who gave the original verdict. The Appeals Chamber decides whether to uphold the original decision, amend it, or reverse it. This is the final judgment unless the Appeals Chamber orders a retrial before the Trial Chamber.
  •  တရားစွဲဆိုသူနှင့် ခုခံချေပသူနှစ်ဦးလုံးအနေဖြင့် အမှုကိုစစ်ဆေးစီရင်သည့် ခုံရုံး (Trial Chamber) ၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်တို့နှင့် ပတ်သက်၍ အယူခံရန် အခွင့်အရေးရှိပါသည်။ ကျူးလွန်ခံရသူများနှင့် ပြစ်ဒဏ်ချမှတ်ခံရသူသည် ပြန်လည်ကုစားမှုအစီအစဉ်များပေးရန် အမိန့်တောင်းခံနိုင်ပါသည်။ အယူခံလွှာကို အယူခံခုံရုံး (Appeals Chamber) မှ တရားသူကြီး ၅ ဦးက ဆုံးဖြတ်ချက်ချမှတ်ပါသည်။ ထိုတရားသူကြီး ၅ ဦးသည် မူလပြစ်ဒဏ် ဆုံးဖြတ်ချက်ချမှတ်သော တရားသူကြီးများနှင့် မတူညီပါ။ ထို အယူခံခုံရုံးက မူလဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုရန်၊ ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်၍ဆုံးဖြတ်ချက်အသစ်တစ်ခုချမှတ်ရန်တို့ကို ဆုံးဖြတ်နိုင်ပါသည်။ အကယ်၍ အယူခံခုံရုံး (Appeals Chamber) က အမှုကိုစစ်ဆေးစီရင်သည့် ခုံရုံး (Trial Chamber) တွင် ပြန်လည်စစ်ဆေးစီရင်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိပါက ထိုဆုံးဖြတ်ချက်သည် နောက်ဆုံးဆုံးဖြတ်ချက်ပင် ဖြစ်သည်။
  • Sentences are served in countries that have agreed to enforce ICC sentences. If a verdict of guilt is not upheld the person may be released. The Trial Chamber may order a convicted person to pay reparations to the victims of the crimes she or he committed. The Court may order such reparations to be paid through the Trust Fund for Victims.
  • ICC ၏ ပြစ်ဒဏ်ချမှတ်မှုကို အသက်ဝင်စေရေး အရေးယူဆောင်ရွက်ရန် သဘောတူထားသော နိုင်ငံများတွင် ပြစ်ဒဏ်များကို ကျခံရမည်ဖြစ်သည်။ အကယ်၍ အပြစ်ရှိကြောင်း တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို အရေးယူဆောင်ရွက်ပေးခြင်း မရှိပါက ထိုသူကို လွှတ်ပေးနိုင်ပါသည်။ အမှုကိုစစ်ဆေးစီရင်သည့်ခုံရုံး (Trial Chamber) သည် ပြစ်ဒဏ်ချမှတ်ခံရသူကို (သူ သို့မဟုတ် သူမ) ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက် နစ်နာသူများကို ပြန်လည်ကုစားမှု အစီအစဉ်များ ဆောင်ရွက်ပေးရန် အမိန့်ပေးနိုင်သည်။ တရားခုံရုံးအနေဖြင့် ထိုပြန်လည်ကုစားမှု အစီအစဉ်များကို ကျူးလွန်ခံရသူများအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်ခြင်း (Trust Fund for Victims) မှ တဆင့် ပေးအပ်ရန် အမိန့်ပေးနိုင်သည်။