Select Page
Topic Progress:

Angela ၏ ဖြစ်ရပ်

၁၉၉၉ ခုနှစ်တွင် ယုံကြည်ချက်ရှိသော အမျိုးသမီးငယ်တစ်ဦးဖြစ်သော ၂၄ နှစ် ရှိပြီဖြစ်သည့် Angela သည် သူမ၏စိတ်ဒဏ်ရာများကြားမှ စိတ်အားထက်သန်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့် မျက်လုံးများကို တဖျပ်ဖျပ်ခတ်နေသည်။ အင်ဒိုနီးရှားစစ်တပ်၏ ထိန်းချုပ်မှုအောက်ရှိ ပြည်သူ့စစ်တစ်ခု၏ လက်တွင် သူမ၏ ပြန်ပေးဆွဲမှုနှင့် မုဒိမ်းမှုများနှင့်ပတ်သက်၍ တိတ်ဆိတ်နေမှုကို ချိုးဖျက်ခဲ့သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ ရောက်ရှိလာပြီး လအတန်ကြာသောအခါတွင် သူမ၏ ရဲစွမ်းသတ္တိကြောင့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတစ်ခု ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂနှင့် တီမောအစိုးရမှ ဖွဲ့စည်းခဲ့သော တရားရုံးတွင် မုဒိမ်းမှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု အဖြစ် ပထမဦးဆုံး တရားစွဲဆိုနိုင်ခဲ့သည်။ 

သို့သော် ထိုအောင်ပွဲမှာ သူမအတွက် ကြည်နူးပျော်ရွင်မှုနှင့်ဝမ်းနည်ဖွယ်ရာများ ရောပြွမ်းနေခဲ့သည်။ နောက်ဆုံးတွင် ၂၀၀၃ စီရင်ချက်ထက် စေ့စေ့ပေါက်ပေါက် စစ်ဆေးမှုနှင့် လှောင်ပြောင်သရော်ခံရမှုများက သူမ၏ဘဝကို ပိုမို၍ပုံဖော်ခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်အကြောင်း သူမကို နှစ်နှစ်ကြာသည်အထိ အသိမပေးဘဲ၊ ပြစ်မှုကျူးလွန်သူ Johni Marques ကို ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သောအခါတွင် သူမသည် ဘာမှမတတ်နိုင်ပဲ​ကြိတ်မှိတ် လက်ခံခဲ့ရသည်။

ယခု အသက် ၄၀ အရွယ် Angela သည် ပင်ပန်းနွမ်းနယ်နေပုံရပြီး သူမ၏ နေလောင်ထားသော အသားအရည်ကို ပါးလွှာသောဘောင်တစ်ခုလုံး တွင် မြင်တွေ့နိုင်သည်။ အမည်မသိရောဂါတစ်ခုကြောင့် သူမကိုယ်အလေးချိန် ကျဆင်းခဲ့ရသည်။ သူမသည် လအတော်ကြာ အိပ်ရာထဲ လဲနေခဲ့ရပြီး ယခုအခါ သုံးနာရီကြာသွားရသော အနီးဆုံးမြို့သို့ မော်တော်ဆိုင်ကယ်တက္ကစီနောက်တွင် လိုက်ပါစီးနင်းရန်အတွက်သာ ခွန်အားရှိတော့သည်။ သူမသည် အသက် ထက် နှစ်ပေါင်းများစွာ အိုစာနေသော်လည်း သူမ၏ ဂုဏ်သိက္ခာကို မယိုင်မလဲ သယ်ဆောင်ထားသည်။ သူမပြုံးလိုက်သည့်အခါတွင် သူမရဲ့ သဘာဝအလှက ပြန်လည်ပေါ်လွင်လာသည်။ 

မုဒိမ်းမှုမှ လွတ်မြောက်သူတစ်ဦးအနေဖြင့် သူမ၏ အိမ်ထောင်ပြုနိုင်ရန် အခွင့်မသာတော့ပေ။ ၂၀၀၄ ခုနှစ်တွင် သူမသည် ဇနီးရှိပြီးသား အမျိုးသားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ 

သူနဲ့လက်ထပ်တုန်းက လူတော်တော်များများက ကျွန်မကို မုန်းတီးကြတယ်။ သူ့မိန်းမက ရဲကို တိုင်ကြားခဲ့တယ်” ဟုသူမက ပြောပြသည်။ သို့သော် သူမ၏ ခင်ပွန်းက သူ့မအပေါ်တွင် ကြင်နာခဲ့ပါသည်။ ခင်ပွန်းဖြစ်သူက သူမအား ဖြစ်ပျက်ခဲ့သည်များကို မတွေးရန် တိုက်တွန်းကာ ဖြေသိမ့်ပေးခဲ့ပြီး သူနှင့်အတူ ကျိုးနွံသောဘဝကို သူမ တည်ဆောက်ခဲ့ကြောင်း ပြောပြသည်။ 

အခု ကျွန်မခင်ပွန်းနဲ့အတူ စိုက်ပျိုးဥယျာဉ်မှာ အလုပ်လုပ်နေတယ်။ ကလေးတွေအတွက် ထမင်းချက်ဖို့ ပြောင်းဖူးနဲ့ ဆန်ကို ဖလှယ်ပြီး အရောင်းအ၀ယ်လုပ်ကြတယ်။ …. ကလေးတွေကို ကျောင်းတက်ဖို့ ကျွန်မတို့ အားပေးတယ်။ [တစ်ရက်] ၃ ဒေါ်လာပေးတဲ့ အစိုးရအလုပ်သမားအစီအစဉ်တစ်ခု ပေါ်လာတဲ့အခါ အစားအသောက်ဝယ်နိုင်ဖို့ ကျွန်မတို့အလုပ်လုပ်ခဲ့တယ်။ နိုင်ငံတော်က [ကျွန်မကို] ဂရုစိုက်သည်ဖြစ်စေ၊ ဂရုမစိုက်သည်ဖြစ်စေ ကျွန်မအတွက် ဘာမှမထူးခြားပါဘူး။ ကျွန်မက စိတ်ရှည်ပါတယ်။

Angela ၏ ဇာတ်လမ်းသည် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း မုဒိမ်းမှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုအဖြစ် အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့သော တစ်ခုတည်းသောအမှု ဖြစ်ပြီး ရှားပါးသောအောင်မြင်သည့် ဇာတ်လမ်းတစ်ခုအဖြစ် ဂုဏ်ပြုခံရသင့်သည်။ သို့သော် ဤရှားပါးသော အောင်မြင်မှုရသည့် ဥပမာအဖြစ်အပျက်တွင်ပင် အမှုစီရင်မှုက သူမကို အကျိုးမပြုခဲ့ဘဲ၊ အိမ်နီးချင်းများနှင့် ရပ်ရွာလူထုများ၏ ထင်မြင်စွပ်စွဲချက်များက သူမ၏ဘဝကို အရိပ်သဖွယ် လွှမ်းမိုးသွားခဲ့သည်။ သူတို့၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို လျစ်လျူရှုထားကြပြီး ထုတ်ဖော်ပြောသူများကို အပြစ်ပေးပြီး နှုတ်ပိတ်တိတ်ဆိတ်စေသည့် ယဉ်ကျေးမှုဝတ်ရုံကို ပြစ်ဒဏ်မှကင်းလွတ်ခွင့်က မကြာခဏဆိုသလို အကာအကွယ်အဖြစ် လွမ်းခြုံထားကြသည်။