Select Page

ကျူးလွန်ခံရသူများ၏ အခွင့်အရေးများအား ဖြည့်ဆည်းပေးခြင်းဖြင့် ပဋိပက္ခကြောင့် ပြိုကွဲခဲ့ရသော လူမှုအဆောက်အအုံကို စတင်ကုစားပေးသောကြောင့် ပြန်လည်ကုစားခြင်းများသည် အရေးကြီးပါသည်။ ပဋိပက္ခတစ်ခု အဆုံးသတ်ပြီးနောက်တွင် လူပေါင်းများစွာသည် အတိတ်ကာလမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ဆက်လက်ခံစားရပါသည်။

သူတို့သည် ပဋိပက္ခအတွင်း ကြုံတွေ့ခံစားခဲ့ရသည့် ဒုက္ခဆင်းရဲများနှင့် သူတို့၏ စွန့်လွတ်ဆောင်ရွက်ခဲ့မှုများအတွက် တရားဝင် အသိအမှတ်ပြုခံရရန်အတွက် စောင့်စားနေကြပါသည်။ ကျူးလွန်ခံရသူများသည် သူတို့၏ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဒဏ်ရာများကို ကုစားရန်အတွက် ရုပ်ဝတ္တုအထောက်အပံ့နှင့် သင်္ကေတဆိုင်ရာ အသိအမှတ်ပြုမှုများ လိုအပ်သည်။

ဤသင်ခန်းစာတွင် ရုပ်ပိုင်းနှင့် သင်္ကေတများဖြင့် ကုစားပေးခြင်းအစီအစဉ်များ အပါအဝင် ပြန်လည်ကုစားခြင်း ပုံစံများကို စူးစမ်းလေ့လာသွားမည်ဖြစ်ပါသည်။