Universal jurisdiction is a legal principle that permits a state to conduct criminal proceedings for certain crimes regardless of where the crimes took place or whether those involved are citizens or nationals of that state.
အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဆိုသည်မှာ ရာဇဝတ်မှု (သီးသန့် သတ်မှတ်ထားသော ရာဇဝတ်မှုအမျိုးအစား) သည် မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ဖြစ်စေ သို့မဟုတ် ပါဝင်ပတ်သက်သူများသည် နိုင်ငံသား ဟုတ်သည်ဖြစ်စေ/ မဟုတ်သည်ပင်ဖြစ်စေ နိုင်ငံတစ်နိုင်ငံကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုစီရင် ဆောင်ရွက်ပိုင်ခွင့်ပေးသည့် ဥပဒေဆိုင်ရာမူ (သဘောတရား) တစ်ခု ဖြစ်ပါသည်။
The principle of universal jurisdiction acknowledges that some offences are so egregious that they are considered crimes against the whole international community and, thus, are of universal concern. In some situations, these prosecutions may provide the only opportunity to promote accountability. Several European countries have opened universal jurisdiction cases against foreign nationals alleged to be responsible for international crimes committed in the nationals’ home countries.
အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်၏ သဘောတရားမူအရ အချို့သော ရာဇဝတ်မှုများသည် ကမ်းကုန်အောင် အလွန်ဆိုးဝါးပြင်းထန်လွန်းသဖြင့် နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံးအပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုသည်။ ထိုကြောင့် လူသားအားလုံးနှင့် သက်ဆိုင်သည်ဟု မှတ်ယူကြသည်။ အချို့သော အခြေအနေများတွင် ဤတရားစွဲဆိုမှုများသည် တာဝန်ယူမှုကိုမြှင့်တင်ရန် တစ်ခုတည်းသော အခွင့်အလမ်း ဖြစ်ပါလိမ့်မည်။ ဥရောပရှိ နိုင်ငံအတော်များများသည် ၎င်းတို့၏ ဇာတိနိုင်ငံတွင် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်မှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲခံရသော နိုင်ငံခြားသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အမှုများဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြသည်။
In most instances, prosecutors or investigative magistrates have brought these cases forward with the assistance and/or pressure of human rights NGOs and victims’ groups from the countries where the alleged violations took place. Countries such as Belgium, Germany, the United Kingdom, Spain, Argentina, and Australia have pursued prosecutions through universal jurisdiction.
ဖြစ်ရပ်အများစုတွင် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိုးဖောက်မှုဖြစ်ပွားသည့် နိုင်ငံများမှ ကျူးလွန်ခံရသူအစုအဖွဲ့များ၏ အကူအညီဖြင့် သို့မဟုတ် ဖိအားများဖြင့် အစိုးရရှေ့နေများ သို့မဟုတ် စုံစမ်းစစ်ဆေးရေး တရားသူကြီးများသည် အမှုဖွင့် တရားစွဲဆို စစ်ဆေးမှုများ စတင်ကြသည်။ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံ (the United Kingdom)၊ စပိန်၊ အာဂျင်တီးနားနှင့် သြစတြေးလျ စသည့် နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား ကျင့်သုံး၍ တရားစွဲဆိုမှုများ ဆောင်ရွက်ခဲ့သည်။