Select Page
Topic Progress:

Demjanjuk Case – 1985

Demjanjuk အမှု  – ၁၉၈၅

In this case, Israel requested the extradition of Ukrainian-American John Demjanjuk from the United States based on the Nazis and Nazi Collaborators (Punishment) Law adopted by Israel following World War II. Demjanjuk was suspected of being the notorious camp guard “Ivan the Terrible” from the Treblinka concentration camp. Following an initial request by Israel in 1983,115 a US court agreed to extradite Demjanjuk to Israel in 1985.

ယင်းအမှုတွင် ဒုတိယကမ္ဘာစစ်အပြီး အစ္စရေးနိုင်ငံက ချမှတ်ဆောင်ရွက်ခဲ့သော နာဇီနှင့် နာဇီပူးပေါင်းဆောင်ရွက်သူများ (ပြစ်ဒဏ်ပေးခြင်း) ဥပဒေကို အခြေခံ၍ ယူကရိန်း-အမေရိကန်လူမျိုးဖြစ်သူ ဂျွန်ဒမ်ဂျွတ်ခ် (John Demjanjuk) အား အမေရိကန်နိုင်ငံမှ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ Demjanjuk သည် Treblinka ချွေးတပ်စခန်းမှ နာမည်ဆိုးဖြင့်ကျော်ကြားသော စခန်းစောင့် “Ivan the Terrible” ဖြစ်သည်ဟု သံသယရှိခဲ့သည်။ ၁၉၈၃ တွင် အစ္စရေးနိုင်ငံက ကနဦးတောင်းဆိုမှုအပြီးတွင် အမေရိကန်တရားရုံးက Demjanjuk အား အစ္စရေးသို့ လွှဲအပ်ရန် ၁၉၈၅ ခုနှစ်တွင် သဘောတူညီခဲ့သည်။

The US court found that the Nuremberg tribunals:

“exercised a much broader jurisdiction which necessarily derived from the universality principle. Whatever doubts existed prior to 1945 have been erased by the general recognition since that time that there is a jurisdiction over some types of crimes which extends beyond the territorial limits of any nation.”

နိုယင်ဘတ်ခုံရုံးများ၏ အောက်ပါအချက်ကို အမေရိကန်တရားရုံးကတွေ့ရှိခဲ့သည် –

အားလုံးနှင့်သက်ဆိုင်သော သဘောတရားမှ ဆင်းသက်လာသော ပိုမိုကျယ်ပြန့်တဲ့ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးခဲ့သည်။ အချို့သောရာဇဝတ်မှုများသည် နိုင်ငံများ၏ နယ်မြေကန့်သတ်ချက်အားလုံးကို ကျော်လွန်သည့် ရာဇ၀တ်မှုများဖြစ်သောကြောင့် ၁၉၄၅ ခုနှစ်မတိုင်မီက ရှိခဲ့သောသံသယများအား ယေဘုယျအသိအမှတ်ပြုမှုဖြင့် ဖျက်ပစ်ခဲ့သည်။”

It also ruled that “Israel is seeking to enforce its criminal law for the punishment of Nazis and Nazi collaborators for crimes universally recognized and condemned by the community of nations. The fact that Demjanjuk is charged with committing these acts in Poland does not deprive Israel of authority to bring him to trial.”

ရှုတ်ချတဲ့ ရာဇ၀တ်မှုတွေအတွက် နာဇီနဲ့ နာဇီပူးပေါင်းဆောင်ရွက်သူတွေကို ပြစ်ဒဏ်ပေးရန် ရာဇ၀တ်မှုဥပဒေကို ကျင့်သုံးဖို့ ကြိုးပမ်းနေသည်။ ဤလုပ်ရပ်များ ကျူးလွန်မှုဖြင့် ဒမ်ဂျန်ဂျွတ်အား ပိုလန်နိုင်ငံတွင် တရားစွဲဆိုခြင်းသည် သူ့အား အစ္စရေးနိုင်ငံရှိ တရားခွင်သို့ ခေါ်ဆောင်နိုင်သည့် အခွင့်အာဏာကို ရုပ်သိမ်းနိုင်ခြင်းမရှိပါ” ဟု ဆုံးဖြတ်ခဲ့သည်။

In 1986, as a result of this decision, Demjanjuk was extradited to Israel to face war crimes and crimes against humanity charges. Although convicted to death by a court of first instance in 1993, he was acquitted on all counts by the Supreme Court of Israel on the basis that, although he was a guard at the Sobibor and Trawniki concentration camps, he was mistakenly identified as “Ivan the Terrible.” Following his return to Ohio in 2009, Germany requested his extradition, alleging he was an accessory to the murder of over 29,000 people at the Sobibor concentration camp.

ရာဇ၀တ်မှုများကို ရင်ဆိုင်ရန် Demjanjuk အား အစ္စရေးနိုင်ငံသို့ ၁၉၈၆ ခုနှစ်တွင် လွှဲအပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ပထမအကြိမ်တရားရုံးက သေဒဏ်ချမှတ်ခဲ့သော်လည်း၊ သူသည် Sobibor နှင့် Trawniki ချွေးတပ်စခန်းများတွင် အစောင့်တစ်ဦးဖြစ်ခဲ့သော်လည်း၊ သူ့ကို “Ivan the Terrible” အဖြစ် လွဲမှားစွာသတ်မှတ်ခံရခြင်းအပေါ် အခြေခံ၍ အစ္စရေးတရားရုံးချုပ်က စွဲချက်အားလုံးမှ တရားသေလွတ်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အိုဟိုင်းယိုးသို့ ပြန်လာပြီးနောက် ဆိုဘီဘာအကျဉ်းစခန်းတွင် လူပေါင်း ၂၉၀၀၀ ကျော်ကို သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် လွှဲပြောင်းပေးရန် ဂျာမနီနိုင်ငံက ထပ်မံတောင်းဆိုခဲ့သည်။

He was extradited to Germany the same year. In 2011 Demjanjuk was convicted and sentenced to five years in prison on 28,060 counts of accessory to murder but was released pending his appeal. He died in 2012 before his appeal was decided.

ထိုနှစ်တွင်ပင် သူ့ကို ဂျာမနီသို့ လွှဲအပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Demjanjuk အား လူသတ်မှု ၂၈၀၆၀ မှုတွင် ပါဝင်ခဲ့မှုဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ရသော်လည်း ၎င်း၏ အယူခံဝင်မှုကို ဆိုင်းငံ့ထားပြီး လွတ်ပေးခဲ့သည်။ အယူခံကိုမဆုံးဖြတ်မီ ၂၀၁၂ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

Kumar Lama

ကူးမားလားမား

Case in the United Kingdom (UK) During the internal conflict in Nepal from 1996–2006, Colonel Kumar Lama was an officer in the Nepalese army and served in the Gorusinghe Army Barracks in Kapilvastu. He was accused of torturing two detainees, who were suspected of being involved in the Maoist insurgency.

ဗြိတိန်နိုင်ငံမှအမှု

၁၉၉၆ – ၂၀၀၆ ခုနှစ်အကြား နီပေါနိုင်ငံ ပြည်တွင်းပဋိပက္ခအတွင်း ဗိုလ်မှူးကြီး Kumar Lama သည် နီပေါစစ်တပ်တွင် အရာရှိတစ်ဦးဖြစ်ပြီး Kapilvastu ရှိ Gorusinghe စစ်စခန်း တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မော်ဝါဒီသူပုန်ထမှုတွင် ပါဝင်သည်ဟု သံသယရှိခံထားရသည့် အကျဉ်းသားနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။

In 2008, Lama was convicted by a district court in Nepal for the torture of one of the detainees and was ordered to pay compensation. Although disciplinary proceedings were recommended, he was sent on a peacekeeping mission to South Sudan with the United Nations.138 Unhappy with the lack of accountability at the local level, two victims launched a complaint against Lama in the United Kingdom (UK).

၂၀၀၈ ခုနှစ်တွင် လာမားအား နီပေါရှိ ခရိုင်တရားရုံးတစ်ခုက အကျဉ်းသားတစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး လျော်ကြေးပေးရန် အမိန့်ပေးခဲ့သည်။ စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးမှုများကို အကြံပြုခဲ့သော်လည်း၊ သူ့ကို ကုလသမဂ္ဂ၏တောင်ဆူဒန် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ခရီးစဉ်သို့ စေလွှတ်ခဲ့သည်။ ဒေသအဆင့်တွင် တာဝန်ခံမှု ကင်းမဲ့ခြင်းကြောင့် မကျေနပ်မှုဖြစ်ပြီး ကျူးလွန်ခံရသူနှစ်ဦးက ဗြိတိန်United Kingdom (UK) နိုင်ငံတရားရုံးသို့ Lama ကို တိုင်ကြားခဲ့သည်။

Lama was arrested in the UK in 2013 and subsequently charged with two counts of torture under Section 134(1) of the Criminal Justice Act 1988, which provides universal jurisdiction before the British courts for torture committed anywhere in the world.139 In 2016, Lama was acquitted of one of the torture charges, and the court was unable to reach a verdict on the second.

ကမ္ဘာတစ်ဝှမ်းမည်သည့်နေရာတွင်မဆို ကျူးလွန်သောရာဇဝတ်မှုများအား ဗြိတိသျှတရားရုံးတွင် စီရင်နိုင်သည့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် ရာဇ၀တ်တရားမျှတမှု အက်ဥပဒေ ၁၉၈၈ ပုဒ်မ ၁၃၄ (၁) အရ ညှဉ်းပန်းနှိပ်စက်မှု နှစ်ခုဖြင့် တရားစွဲဆိုခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ညှဉ်းပန်းနှိပ်စက်မှု စွဲချက်တစ်ခုမှ လွတ်မြောက်ခဲ့ပြီး တရားရုံးက ဒုတိယစွဲချက်အတွက် စီရင်ချက် မချနိုင်ခဲ့ပေ။

The Crown Prosecution Service decided not to seek a retrial, and as a result, the court acquitted Lama of the second charge. Criticism was levelled against the prosecution’s handling of evidentiary issues and the failure to provide adequate protection to victims and witnesses in the United Kingdom.

Crown Prosecution Service က ပြန်လည်စစ်ဆေးခြင်းမပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ရလဒ်အနေဖြင့် လာမားအား တရားရုံးက ဒုတိယအမှုမှ တရားသေလွှတ်ပေးခဲ့သည်။ တရားလိုပြသက်သေများကို ကိုင်တွယ်ဖြေရှင်းမှုနှင့် United Kingdom ဗြိတိန်နိုင်ငံ ၏ ကျူးလွန်ခံရသူများနှင့် မျက်မြင်သက်သေများအတွက် လုံလောက်သောအကာအကွယ်ပေးရန် ပျက်ကွက်မှုအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

Former President of Chad, Hissène Habré Prosecuted in Senegal

ချတ်ဒ်သမ္မတဟောင်း Hissène Habreé အား ဆီနီဂေါနိုင်ငံတွင် တရားစွဲပြစ်ဒဏ်ချခဲ့သည်

The case of Hissène Habré, former Chadian president and dictator (1982–1990) commenced in 2001, after seven torture victims from under Habré’s reign filed an application before the UN Committee against Torture requesting Senegal either try Habré or extradite him.146 Because one of the victims was a Belgian national, a judge in Belgium requested Senegal to extradite him to Belgium for prosecution.

ချတ်ဒ်သမ္မတဟောင်း၊ အာဏာရှင်ဟောင်း Hissène Habre (၁၉၈၂-၁၉၉၀) အား တရားစွဲဆိုခြင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး Habré အုပ်ချုပ်မှုအောက်မှ ညှဉ်းပန်းနှိပ်စက်ခံရသူ ခုနစ်ဦး ကုလသမဂ္ဂညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး ကော်မတီထံ လျှောက်လွှာတင်ပြီးနောက်  Habre ကို တရားစွဲဆိုရန် သို့မဟုတ် လွှဲပြောင်းပေးရန် ဆီနီဂေါနိုင်ငံအားတောင်းဆိုခဲ့သည်။အကြောင်းရင်းမှာ ကျူးလွန်ခံရသူတစ်ဦးသည် ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်ပြီး၊ Habré ကို တရားစွဲရန်အတွက် ဘယ်လ်ဂျီယံသို့ လွှဲအပ်ရန် ဆီနီဂေါနိုင်ငံအား ဘယ်လ်ဂျီယမ်တရားသူကြီးက တောင်းဆိုခဲ့သည်။

Fearing backlash on the continent for extraditing an African to the Western state, Senegal referred the case to the AU for review, which culminated in a request to Senegal to try Habré for international crimes in its domestic courts. In 2012 the ICJ ordered Senegal to take the necessary measures to try Habré or extradite him to Belgium for trial. That same year, Senegal and the AU agreed to establish the African Extraordinary Chambers (EAC) in the domestic Senegalese judicial system in order to try alleged perpetrators of international crimes committed in Chad between June 1982 and December 1990.

အာဖရိကတိုက်သားတစ်ဦးကို အနောက်နိုင်ငံသို့ လွှဲပြောင်းပေးခြင်းအတွက် အာဖရိကတိုက်ကြီးအတွင်း လူအများ၏ တုံ့ပြန်မှုကို စိုးရိမ်သောကြောင့် ဆီနီဂေါနိုင်ငံသည် ယင်းအမှုကို ပြန်လည်သုံးသပ်ရန်အတွက် အာဖရိကသမဂ္ဂ (AU) သို့ လွှဲပြောင်းပေးခဲ့ပြီး နိုင်ငံတကာရာဇ၀တ်မှုများအတွက် ဆီနီဂေါနိုင်ငံ ပြည်တွင်းတရားရုံးများတွင် Habré ကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ICJ က ဆီနီဂေါအား Habré အား စုံစမ်းစစ်ဆေးရန် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် သို့မဟုတ် ၎င်းအား ဘယ်လ်ဂျီယံသို့ လွှဲအပ်ရန် အမိန့်ပေးခဲ့သည်။ ထိုနှစ်တွင်ပင် ဆီနီဂေါနိုင်ငံနှင့် AU တို့သည် ၁၉၈၂ ခုနှစ်၊ ဇွန်လ မှ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလအကြား ချဒ်တွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား တရားစွဲဆိုရန်အတွက် ပြည်တွင်း ဆီနီဂေါ တရားစီရင်ရေး စနစ်အတွင်း အာဖရိကအထူးတရားရုံး (EAC) ကို ထူထောင်ရန် သဘောတူညီခဲ့ကြသည်။

The trial of Habré began in September 2015 and lasted until February 2016. In May 2016 the EAC convicted Habré of crimes against humanity, war crimes, and torture, including rape and sexual slavery, and sentenced him to life imprisonment. In July 2016 he was ordered to pay reparations to victims.

Habré အား တရားစီရင်မှုကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်စစ်ဆေးခဲ့ပြီး ၂၀၁၆ ဖေဖော်ဝါရီအထိ ကြာမြင့်ခဲ့သည်။ ၂၀၁၆ ခုနှစ် မေလတွင် EAC က Habré ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများ၊ မုဒိမ်းမှုနှင့် လိင်ကျွန်ပြုမှုတို့အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုများဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ကျူးလွန်ခံရသူများအား လျော်ကြေးပေးဆောင်ရန် Habre အား အမိန့်ချမှတ်ခဲ့သည်။

In 2017, the Senegalese Appeal Chamber confirmed the ruling by the court of the first instance and the sentence,148 and it ordered Habré to pay 123 million euros in compensation to a victims’ trust fund.149 The trial of Habré was the first trial in the world in which the courts of one country prosecuted a former head of state for international crimes. It was also the first case in Africa to be tried on the principle of universal jurisdiction.

၂၀၁၇ ခုနှစ်တွင် ဆီနီဂေါအယူခံလွှတ်တော်မှ ပထမအကြိမ်တရားရုံး၏ စီရင်ချက်နှင့် ပြစ်ဒဏ်ကို အတည်ပြုခဲ့ပြီး နစ်နာကြေး ယူရို 123 သန်း ပေးဆောင်ရန် Habre အား အမိန့်ချမှတ်ခဲ့သည်။ Habré ၏ တရားခွင်သည် နိုင်ငံတစ်ခု၏ တရားရုံးက နိုင်ငံ့ခေါင်းဆောင်ဟောင်းတစ်ဦးအား နိုင်ငံတကာရာဇ၀တ်မှုများဖြင့် တရားစွဲခဲ့သည့် ပထမဆုံးသော တရားခွင်ဖြစ်သည်။ သည်။ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူအရ အာဖရိကတွင် တရားစွဲဆိုသည့် ပထမဆုံးသော အမှုလည်းဖြစ်သည်။

Mirsad Repak

Case in Norway Mirsad Repak, an ethnic Bosnian, was a member of the paramilitary group the Croatian Defence Forces and a guard at the notorious Dretelj detention camp in Bosnia and Herzegovina. Numerous reports of torture and sexual violence emerged from the camp. Repak fled the armed conflict in 1993, and after arriving in Norway as an asylum seeker, he was granted Norwegian citizenship in 2001. Initially, Repak was arrested and charged under the 1902 Norwegian Penal Code, but after Norway adopted a new penal code that incorporated international crimes into its legal system in 2005, his indictment was amended to include war crimes and crimes against humanity.

Mirsad Repak 

နော်ဝေးနိုင်ငံမှအမှု

ဘော့စနီးယားလူမျိုး Mirsad Repak သည် ခရိုအေးရှားကာကွယ်ရေးတပ်ဖွဲ့၏ အရံတပ်ဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော Dretelj ထိန်းသိမ်းရေးစခန်းမှ အစောင့်တစ်ဦးဖြစ်သည်။ စခန်းတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာ အများအပြား ထွက်ပေါ်လာခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် Repak သည် လက်နက်ကိုင်ပဋိပက္ခမှ ထွက်ပြေးခဲ့ပြီး နော်ဝေးသို့ ခိုလှုံခွင့်တောင်းခံသူအဖြစ် နော်ဝေသို့ရောက်ရှိပြီးနောက် ၂၀၀၁ ခုနှစ်တွင် နော်ဝေနိုင်ငံသားဖြစ်ခွင့်ရခဲ့သည်။ အစပိုင်းတွင် Repak သည် ၁၉၀၂ Norwegian Penal Code အရ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသော်လည်း နိုင်ငံတကာရာဇ၀တ်မှုများကို ၎င်း၏တရားစီရင်ရေးစနစ်သို့ ၂၀၀၅ ခုနှစ်တွင် ထည့်သွင်းပြီးနောက်တွင်၎င်း၏တရားစွဲဆိုချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ထပ်ပေါင်း ထည့်သွင်းခဲ့သည်။

In 2008, Repak was found guilty of eleven counts of war crimes and sentenced to five years in prison and a fine, but he was acquitted of all crimes against humanity charges. The conviction with some modifications was upheld by Norway’s Court of Appeal. The verdict was further appealed to the Supreme Court, which upheld the convictions of the ordinary crimes, but found that Repak should not have been charged with war crimes and crimes against humanity for acts that had been committed before the new Penal Code entered into force in 2005.

၂၀၀၈ ခုနှစ်တွင် Repak သည် စစ်ရာဇ၀တ်မှု ၁၁ မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ်ချမှတ်ခံခဲ့ရသော်လည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်အားလုံးမှ လွတ်မြောက်ခဲ့သည်။ နော်ဝေအယူခံတရားရုံးက ပြုပြင်မွမ်းမံမှုအချို့နှင့်အတူ အတည်ပြုခဲ့သည်။ အဆိုပါ စီရင်ချက်ကို တရားရုံးချုပ်သို့ ထပ်မံအယူခံဝင်ခဲ့ပြီး သာမာန်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်များကို အတည်ပြုခဲ့သော်လည်း  ၂၀၀၅ မတိုင်မီ ကျူးလွန်သော  စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအား ၂၀၀၅ ခုနှစ်တွင် အသက်ဝင်လာသည့် ဥပဒေဖြင့် စွဲချက်တင်ခြင်းမပြုသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

The court applied a strict interpretation of the principle of legality, in particular, nonretroactivity of laws, although the conduct in question had been prohibited under customary international law at the time of the offense.

တရားရုံးသည် ပြစ်မှုကျူးလွန်ချိန်တွင် ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာဥပဒေအရ တားမြစ်ထားသော်လည်း ဥပဒေများ၏ နောက်ကြောင်းမပြန်ရေးဖြစ်သည့်  တင်းကျပ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တရားရုံးက ကျင့်သုံးခဲ့သည်။