Select Page

လိင်ပိုင်းဆိုင်ရာနှင့် ကျားမကွဲပြားမှုအခြေပြုအကြမ်းဖက်မှုများ၏ အကျိုးသက်ရောက်မှုများကား အဘယ်နည်း။

၁. အမျိုးသမီး ကျူးလွန်ခံရသူများသည် တရားမျှတမှု ပျက်ပြားသွားခြင်းများကို ကြုံတွေ့ခံစားကြရသည်။ တရားမျှတမှု ကင်းမဲ့ခြင်းသည် အခက်အခဲပြဿနာများကို ဆက်လက်၍ဆိုးရွားစေသည်။ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းဓလေ့သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအပါအဝင် လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံတော်၏အကြမ်းဖက်ခံရသူ အမျိုးသမီးအများစုအတွက် ကြုံတွေ့နရလေ့ရှိသည် အရာပင်ဖြစ်သည်။ အပြစ်ပေးခံရမှုမှ ကင်းလွတ်ခွင့် ရနေသည့် ဓလေ့ကဲ့သို့ပင်၊ အမည်းစက်နှင့် ခွဲခြားဆက်ဆံမှုများ ဆက်လက်ရှိနေသည်နှင့်အမျှ အမျိုးသမီးများ၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် ၎င်းတို့ကြုံတွေ့ခဲ့ရသော မတရားမှုများကို ထုတ်ဖော်ပြသနိုင်စွမ်းများ လျော့ကျလာသည်။ အလဟသ အသုံးပြုခြင်းမခံရသော ကြွက်သားများကဲ့သို့ပင် မှားယွင်းမှုတစ်ခုအတွက် မှန်ကန်မှု ဖြစ်လာအောင် မည်သို့တောင်းဆိုရမည်ကို မျှော်မှန်းတွေးကြည့်ရန်အတွက်ပင် မတတ်နိုင်လောက်အောင် အမျိုးသမီးကျူးလွန်ခံရသူများသည် စွမ်းရည်နှင့် စွမ်းအင်များ ဆုံးရှုံးသွားကြသည်။ ဤလူ့ဘဝတွင် တရားမျှတမှုကို မည်သို့မှရရှိနိုင်သည်ကို မမြင်နိုင်သောကြောင့် အချို့က တရားမျှတမှုကို နောက်ဘဝသို့ လွှဲချထားကြသည်။

၂. အမျိုးသမီးများနှင့် သူတို့၏ မိသားစုများအပေါ် ပဋိပက္ခများ၏ သက်ရောက်မှုသည် ပြင်းထန်ပြီး ငြင်းမရနိုင်ပါ။ ရှင်သန်လွတ်မြောက်သူ အမျိုးသမီးအများစုသည် အလွန်ဆင်းရဲသော အခြေအနေတွင် နေထိုင်ကြပြီး ခွဲခြားဆက်ဆံခြင်းနှင့် ချန်လှပ်ခြင်းတို့ကို ဆက်လက်ကြုံတွေ့ခံစားနေကြရသည်။ တရားရုံး၏ ဆိုးဝါးသောရာဇ၀တ်မှုဆိုင်ရာ သဘောတူညီချက်တွင် ရေးသားထားသော ရန်ပုံငွေတစ်ရပ်ကို ဘယ်သောအခါမှ မတည်ထောင်ခဲ့ကြပါ။ ပုံမှန်အားဖြင့် သူတို့သည် လူမှုစီးပွားရေးအခွင့်အရေးများကို နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများနှင့်အတူ ချိုးဖောက်မှုများ ကြုံတွေ့နေရသည်။ ဤပေါင်းစပ်မှုသည် သူတို့၏ အားနည်းမှုများကို တိုးပွားစေပြီး အကြမ်းဖက်မှုများ ပြီးဆုံးပြီးနောက်ပိုင်းတွင် သူတို့၏အသက်ရှင်ရပ်တည်ရေးအတွက်ကိုသာ အာရုံစိုက်ရုန်းကန်လှုပ်ရှားနေစေလေ့ရှိသည်။

၃.မိသားစု (အထူးသဖြင့် ခင်ပွန်း၊ ဖခင် သို့မဟုတ် သား) များဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာများ ပျက်စီးခြင်း၊ မြေယာရယူပိုင်ဆိုင်ခွင့်နှင့် အသက်မွေးဝမ်းကျောင်းပြုခွင့် နည်းပါးခြင်း၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အခြေခံဝန်ဆောင်မှုများမှ ချန်လှပ်ထားခြင်းတို့က သူတို့၏ လူမှုစီးပွားဘဝ သာယာဝပြောရေးကို ထိခိုက်စေပါသည်။ ထိုသက်ရောက်မှုသည် ဆယ်စုနှစ်များစွာမဟုတ်သည့်တိုင်အောင် နှစ်ပေါင်းများစွာကြာမြင့်တတ်သည်။ ဤအစီရင်ခံစာပါ ဇာတ်လမ်းအများစုတွင် ဆက်တိုက်ဖြစ်ပေါ်နေပြီး အရေးပေါ်အကြောင်းအရာတစ်ခုအဖြစ် ပြတ်ပြတ်သားသား ပေါ်ထွက်နေသည့် ဤအရေးကြီးသော တွေ့ရှိချက်သည် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် တိကျသောအကူအညီများကို တောင်းဆိုထားသည်။

၄.ဤနေရာတွင် မုဆိုးမဆိုသည်မှာ ပြင်းထန်သောပဋိပက္ခအတွင်း ခင်ပွန်း သို့မဟုတ် လက်တွဲဖော် ဆုံးရှုံးသွားသော သို့မဟုတ် နောက်ပိုင်းနှစ်များတွင် စိတ်ဒဏ်ရာနှင့် ဆက်နွှယ်သော ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့ရသော အမျိုးသမီးတစ်ဦးဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ တစ်ကိုယ်ရေမိခင်များဆိုသည်မှာ မုဒိမ်းကျင့်ခံရခြင်းမှ လွတ်မြောက်လာသူများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပြီးနောက် ခင်ပွန်းဖြစ်သူမှ စွန့်ပစ်ခံရသူများ အပါအဝင် ကလေးများကို တစ်ဦးတည်း ပြုစုပျိုးထောင်သည့် အမျိုးသမီးများဟု သတ်မှတ်ထားသည်။ မုဆိုးမ သို့မဟုတ် တစ်ကိုယ်ရေမိခင်ဖြစ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှ ရှင်သန်လွတ်မြောက်သူ အမျိုးသမီးများသည် အထူးသဖြင့် ထိခိုက်လွယ်ကြပြီး အထူးအကူအညီများ လိုအပ်နေပါသည်။

၅.အထူးသဖြင့် ကလေးများ၏ စိတ်ဒဏ်ရာများ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုစီးပွားဆိုင်ရာ အကျိုးသက်ရောက်မှုများအပေါ် တုံ့ပြန်ဆောင်ရွက်ပေးသည့် အစီအစဉ်များရေးဆွဲခြင်းနှင့် မူဝါဒများ ဖြစ်ပေါ်လာအောင် တောင်းဆိုနေသည့် နောက်မျိုးဆက်များအပေါ် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုများလည်း ရှိပါသည်။ ကလေးငယ်များသည် အကြမ်းဖက်မှုနှင့် ဆင်းရဲမွဲတေမှုတွင် ပိတ်မိနေကြပြီး ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ကြိုးပမ်းတည်ဆောက်ရန် အမျိုးသမီးများကို လှုံ့ဆော်မှုပေးပါသည်။

၆.ပဋိပက္ခများနှင့် ချိုးဖောက်မှုများသည် အမျိုးသမီးများ၏ အားနည်း၍ ထိခိုက်နိုင်ချေကို ပိုမိုမြင့်မားလာစေပြီးနှင့် အိမ်တွင်းအကြမ်းဖက်မှုနှင့် ရပ်ရွာလူမှုအသိုင်းအဝိုင်း၏ အကြမ်းဖက်မှုနှင့် ဆက်လက်ဖြစ်ပွားနေပြီး ပိုမိုဆိုးရွားလာသော အခြားအကြမ်းဖက်မှုပုံစံများ ဖြစ်နိုင်ခြေကိုလည်း တိုးမြင့်စေပါသည်။ အမျိုးသမီးကျူးလွန်ခံရသူများသည် အိမ်တွင်းအကြမ်းဖက်မှုနှင့် ရပ်ရွာလူမှုအသိုင်းအဝိုင်း၏ အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုပုံစံသစ်များကို ထိခိုက်လွယ်သူများဖြစ်သည်။