Select Page

As of July 2018, 26 cases have been brought before the International Criminal Court (ICC), with some cases having more than one suspect.

၂၀၁၈ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတကာရာဇ၀တ်တရားရုံးရှေ့မှောက်တွင် အမှု စုစုပေါင်း ၂၆ မှု ကြားနာစစ်ဆေးခဲ့ပြီး အချို့အမှုများတွင် သံသယရှိသူ ၁ ဦးထက်ပိုပါသည်။ ‌

In 2022, nineteen of the 123 state parties to the Rome Statute (states that have ratified it) are located in the Asia-Pacific: Fiji, Tajikistan, Marshall Islands, Nauru, Cyprus, Cambodia, Jordan, Mongolia, Timor-Leste, Samoa, Republic of Korea, Afghanistan, Japan, Cook Islands, Bangladesh, Maldives, Vanuatu, Palestine and Kiribati. In recent years, some state parties have withdrawn from the ICC (i.e., Burundi), begun the withdrawal process (i.e., the Philippines), or threatened to withdraw (i.e., South Africa, Gambia).

ရောမသဘောတူစာချုပ်အဖွဲ့ဝင် ၁၂၃ နိုင်ငံ (အတည်ပြုထားသော နိုင်ငံများ) မှ နိုင်ငံပေါင်း ၁၄ ခု သည် အာရှ‌‌ဒေသမှ ဖြစ်ပြီး အာဖကန်နစ္စတန်၊ ဘင်္ဂလား‌ဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဆိုက်ပရပ်စ်၊ တီမောလက်စ်တီ၊ ‌‌ဂျော်ဂျီယာ၊ ဂျပန်၊ ‌ဂျော်ဒန်၊ တောင်ကိုရီးယား၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်နှင့် တာဂျစ်ကစ္စတန် နိုင်ငံတို့ ဖြစ်သည်။ မကြာသေးမှီနှစ်များက အချို့အဖွဲ့၀င်နိုင်ငံများသည် ICC မှ နုတ်ထွက်သွားပြီး (ဥပမာ – ဘူရွန်ဒီနိုင်ငံ)၊ အချို့မှာ နုတ်ထွက်ရန် စီစဉ်ဆောင်ရွက်နေဆဲ (ဥပမာ – ဖိလစ်ပိုင်)၊ သို့မဟုတ် နုတ်ထွက်ရန် ခြိမ်းခြောက် (ဥပမာ – တောင်အာဖရိကနှင့် ဂမ်ဘီယာနိုင်ငံ) နေပါသည်။

Jurisdiction of the ICC

The ICC can obtain jurisdiction over a situation in three ways:

  1. a state party may refer a situation to the court;
  2. the UN Security Council may refer a situation to the court, including a situation involving a state that is a member of the UN, but not party to the Rome Statute; or
  3. the ICC Prosecutor may initiate an investigation of crimes alleged to have occurred in the territory of a state party or to have been committed by nationals of a state party. The ICC may exercise jurisdiction where genocide, crimes against humanity, or war crimes were committed on or after 1 July 2002. As of 17 July 2018, the Security Council could refer to the ICC cases in which an act of aggression seemed to have occurred whether or not it involved a state party.

​​အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့်

ICC သည် အောက်ပါနည်းလမ်းသုံးမျိုးဖြင့် အဖြစ်အပျက်အကြောင်းကိစ္စတခုအပေါ်တွင် တရားစီရင်ပိုင်ခွင့် ရယူနိုင်ပါသည်။

  •       အဖွဲ့ဝင်နိုင်ငံတော်တခုမှ အဖြစ်အပျက်အကြောင်းကိစ္စတခုကို လွှဲပြောင်းပေးသည့် အခြေအနေ၊
  •       ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတခုဖြစ်သော်လည်း ရောမသဘောတူစာချုပ်အဖွဲ့ဝင်မဟုတ်သောနိုင်ငံများ ပါဝင်ပတ်သက်သော အမှုကိစ္စတခုကို ကုလသမဂ္ဂလုံခြုံ‌‌ရေးကောင်စီမှ တရားရုံးသို့ လွဲပြောင်း‌ပေးနိုင်သည်၊ သို့မဟုတ်

·       ICC ၏ တရားစွဲအရာရှိမှ အဖွဲ့ဝင်နိုင်ငံတခု၏ နယ်နိမိတ်အတွင်း ဖြစ်ပွားခဲ့သော ရာဇဝတ်မှု သို့မဟုတ် အဖွဲ့ဝင်နိုင်ငံ၏ နိုင်ငံသားများက ကျူးလွန်သော ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးခြင်းတစ်ခုကို စတင်နိုင်ပါသည်။ ICC သည် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့နောက်ပိုင်းတွင် ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားတမျိုးနွယ်လုံး အပေါ် သက်ရောက်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအပေါ်တွင် တရားစီရင်နိုင်ပါသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ လုံခြုံရေးကောင်စီသည် အဖွဲ့ဝင်နိုင်ငံများ သို့မဟုတ် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများ ပါဝင်သည်ဖြစ်စေ ရန်လိုမှုလုပ်ရပ်တခုကို ICC သို့ လွှဲပြောင်းနိုင်သည်။