Select Page
Topic Progress:

ယခင်သမိုင်းကြောင်းအရ အရေအတွက်အနည်းငယ်သော ပြန်လည်ကုစားရေးအစီအစဉ်များသည်သာ အမျိုးသမီများအနေဖြင့် ပြန်လည်ကုစားမှုအစီအစဉ်များကို လက်လှမ်းမီရရှိခြင်းနှင့် ပတ်သက်၍ဖြစ်စေ သို့မဟုတ် ပြန်လည်ကုစားရေးအစီအစဉ်များကို အမျိုးသမီးများရင်ဆိုင်ကြုံတွေ့ခဲ့ရသော ထိခိုက်မှုနှင့် အံဝင်ခွင်ကျဖြစ်အောင် စီစဉ်ပေးခြင်းနှင့် ပတ်သက်၍ ဖြစ်စေ၊  ကျားမကွဲပြားမှုနှင့် သူတို့၏ ကွဲပြားသော လိုအပ်ချက်များနှင့် ဦးစားပေးချက်များအပေါ်တွင် လုံလောက်သော အလေးထားမှုပေးခဲ့သည်။ ပြန်လည်ကုစားရေးအစီအစဉ် မူဝါဒများအတွင်းသို့ ကျားမရေးရာ (gender) ကိစ္စရပ်များကို မည်ကဲ့သို့ ပိုမိုကောင်းမွန်အောင် ပေါင်းစပ်သင့်သည်ဆိုသည်ကို လေ့လာဆန်းစစ်ရန် အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းများက ၂၀၀၇ ခုနှစ်တွင် စည်းရုံးဆော်သြခဲ့သည်။   

ထိုအရပ်ဖက်အဖွဲ့အစည်းများက နိုင်ရိုဘီကြေညာစာတမ်း (Nairobi Declaration) ကို အတည်ပြုခဲ့ပါသည်။ ထိုကြေညာစာတမ်းတွင် ကျားမကွဲပြားမှုအခြေပြု ကျူးလွန်ချိုးဖောက်မှုများကို ပြန်လည်ကုစားရေးအစီအစဉ် နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန်အရေးကြီးကြောင်း မီးမောင်းထိုးပြမှုများနှင့် ပဋိပက္ခမတိုင်မီ ဦးစွာဖြစ်ပွားသော (ပဋိပက္ခသို့ဦးတည်စေသည့်) လူမှုရေး-ယဉ်ကျေးမှုဆိုင်ရာ မတရားမှုများနှင့် ဖွဲ့စည်းတည်ဆောက်ပုံအရ မညီမျှမှုများကို ပြုပြင်ပြောင်းလဲရန် အစီအစဉ်များကို တီထွင်ဖန်တီးရေးအတွက် မူဝါဒချမှတ်သူများကို တိုက်တွန်းချက်များပါဝင်သည်။ 

အမျိုးသမီးအခွင့်အရေးများကို ငြိမ်းချမ်းသောကာလများတွင်လည်း ကာကွယ်ပေးလေ့မရှိသောကြောင့် ပြန်လည်ကုစားရေးအစီအစဉ်များကို ကျူးလွန်ခံရသူ၏ အခွင့်အရေးကို ပြန်လည်ရရှိစေရုံသာမက ကျူးလွန်ခံရသူ အမျိုးသမီးနှင့်အမျိုးသားနှစ်ဦးစလုံး တန်းတူညီမျှသောအခွင့်အရေး ရရှိသောသူများဖြစ်လာစေရန်အတွက် လူ့အခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် ဖြည့်ဆည်းပေးခြင်းတို့ကို ပြုပြင်ပြောင်းလဲရန်လည်း အသုံးပြုနိုင်ပါသည်။ 

ထို့ကြောင့် ပြန်လည်ကုစားရေးအစီအစဉ်များသည် ကျားမလိင်ကွဲပြားမှုကို ဦးတည်ချိုးဖောက်သော လူ့အခွင့်အရေးချိုးဖောက်မှု ပုံသဏ္ဍာန်များ ဖြစ်ပွားရန်အခွင့်ပေးသည့် အခြေအနေများကို ဖြေရှင်းဆောင်ရွက်ပေးရန် အရေးကြီးပါသည်။ အမျိုးသမီးများအပေါ်  စနစ်တကျနှင့် အစုလိုက်ပစ်မှတ်ထားကျူးလွန်သည့်ပုံစံအား အသိအမှတ်ပြုရန်အတွက်  တစ်ဦးချင်းစီအလိုက် ပြန်လည်ကုစားရေးအစီအစဉ်ကို အားလုံးစုပေါင်း၍ပေးအပ်သော အစီအမံများဖြင့် ပံ့ပိုးဖြည့်စွက်ပေးရန် အရေးကြီးပါသည်။ သူတို့၏ ဘဝအတွင်းမှ အမျိုးသားများအပေါ် ပစ်မှတ်ထားခံရခြင်း၊ အထူးသဖြင့် သူတို့၏ အမျိုးသားများ သတ်ဖြတ်ခံရခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်းတို့ကြောင့် နောက်ဆက်တွဲ ထိခိုက်မှုများ ကြုံတွေ့ရသော အမျိုးသမီးများ၏ ဆင်းရဲဒုက္ခများကိုလည်း ဖြေရှင်းဆောင်ရွက်ပေးသော ပြန်လည်ကုစားရေးအစီအစဉ်များ တည်ထောင်ရန်အတွက် တောင်းဆိုမှုများလည်း ပိုမိုတိုးတက်များပြားလာပါသည်။ အချို့သော အစီအစဉ်များတွင် ကျားမကွဲပြားမှုကြောင့် ထိရှလွယ်မှုအပေါ်တွင် အလေးထားမှုကို မြင်တွေ့ရသော်လည်း လိင်ပိုင်းဆိုင်ရာနှင့် ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာအမျိုးအစားများကို ဖြေရှင်းပေးရန်အတွက် ပြန်လည်ကုစားရေးအစီအစဉ်များကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရန် လိုအပ်လျှက်ရှိပါသည်။