Select Page
Topic Progress:

Prosecutions for international crimes have more potential for impact when they are conducted in the society where the crimes occurred. However, societies emerging from conflict or in transition may lack the political will or resources needed to prosecute these crimes, and legal systems may be in disarray.

နိုင်ငံတကာရာဇဝတ်မှုများအတွက် တရားစွဲဆိုမှုများအား ရာဇဝတ်မှုများ ဖြစ်ပွားသည့် လူ့အဖွဲ့အစည်းအတွင်း ဆောင်ရွက်သောအခါ အကျိုးသက်ရောက် ထိရောက်မှု ပိုမိုများနိုင်သည်။ သို့သော်လည်း ပဋိပက္ခအလွန် ထွက်ပေါ်လာသော လူ့အဖွဲ့အစည်းများ သို့မဟုတ် အသွင်ကူးပြောင်းမှု ဆောင်ရွက်နေဆဲ လူ့အဖွဲ့အစည်းများတွင် ထိုရာဇဝတ်မှုများကို တရားစွဲဆိုရန် လိုအပ်သော နိုင်ငံရေးဆန္ဒမရှိခြင်း သို့မဟုတ် အရင်းအမြစ်များ မရှိခြင်းနှင့် တရားစီရင်ရေး စနစ်များသည်လည်း ကစဉ့်ကလျား ဖရိုဖရဲဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်သည် ။

Even sophisticated legal systems that deal mainly with ordinary crimes may lack the capacity to effectively address international crimes.

သာမန်ရာဇဝတ်မှုများ အဓိကဖြေရှင်းပေးနေသည့် ခေတ်မီတရားစီရင်ရေးစနစ်များသည်ပင်လျှင် နိုင်ငံတကာရာဇဝတ်မှုများအား ထိရောက်စွာကိုင်တွယ်ရန် စွမ်းဆောင်ရည် ကင်းမဲ့နေတတ်သည်။

These problems may require international assistance that draws on best practices from elsewhere; for instance, assistance through “hybrid” courts or tribunals composed of both international and domestic justice actors.

ဤပြဿနာများအား ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့အခြားနေရာများမှ လက်တွေ့အတွေ့အကြုံကောင်းများ ရရှိထားသည့် နိုင်ငံတကာအကူအညီ လိုအပ်နိုင်သည်။ ဥပမာအားဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းတရားစီရင်ရေး ဆောင်ရွက်သူများ ပူးပေါင်းပါဝင်သည့်“ဖက်စပ်” တရားရုံးများ (သို့) ခုံရုံးများ မှတဆင့် အကူအညီပေးခြင်း။

Examples of hybrid courts include the Special Court for Sierra Leone, the Special Panels for Serious Crimes in East Timor, and the Extraordinary Chambers in the Courts of Cambodia.

ဖက်စပ်တရားရုံးများ၏ သာဓကအချို့မှာ ဆီယာရာလီယွန်နိုင်ငံဆိုင်ရာ အထူးတရားရုံး (Special Court for Sierra Leone)၊ အရှေ့တီမောနိုင်ငံ၏ ပြင်းထန်ဆိုးဝါးသော ရာဇဝတ်မှုများအတွက် အထူးကော်မရှင် (Special Panels for Serious Crimes in East Timor) နှင့် ကမ္ဘောဒီးယားနိုင်ငံမှ အထူးတရားရုံးများ (Extraordinary Chambers in Courts of Cambodia) တို့ ဖြစ်ပါသည်။