Select Page
Topic Progress:

The Key Lessons

အဓိကသင်ခန်းစာများ

Module 1: Introduction. Upon completion of this module, students will be able to describe the purpose of the course and the course structure.

​​သင်ခန်းစာ အခန်း ၁  နိဒါန်း။ ဤသင်ခန်းစာကို ပြီးမြောက်ပြီးနောက် တွင် သင်တန်းသူ/သားများသည် သင်တန်း၏ရည်ရွယ်ချက်နှင့် သင်တန်းဖွဲ့စည်းပုံကို ဖော်ပြနိုင်မည်ဖြစ်ပါသည်။

Module 2: Basic Concepts and Scope of Prosecution. Module two will explain prosecution in relation to serious crimes under international law (genocide, crimes against humanity, war crimes and aggression). This module will provide students with key definitions and practices of prosecution.

သင်ခန်းစာအခန်း ၂ – တရားစွဲဆိုခြင်း၏ အခြေခံသဘောတရားနှင့် နယ်ပယ်များ။ သင်ခန်းစာ အခန်း ၂ တွင်  နိုင်ငံတကာဥပဒေအရ ပြင်းထန်သောရာဇ၀တ်မှုများ (လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် ရန်စကျူးကျော်မှု) နှင့် စပ်လျဉ်းသည့် တရားစွဲဆိုမှုအကြောင်းကို တင်ပြသွားမည်ဖြစ်ပါသည်။ ဤသင်ခန်းစာအခန်းတွင် တရားစွဲခြင်းအကြောင်း အဓိကကျသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် အလေ့အကျင့်များကို တင်ပြသွားမည်ဖြစ်သည်။

Module 3: Mechanisms for Prosecution. Module three will discuss the different courts that have jurisdiction to try serious crimes, including national, international and hybrid mechanisms.

သင်ခန်းစာအခန်း ၃ တရားစွဲဆိုမှု ယန္တရားများ။ သင်ခန်းစာအခန်း ၃ တွင်  ပြည်တွင်း၊ နိုင်ငံတကာနှင့် ပေါင်းစပ်ယန္တရားများအပါအဝင် ပြင်းထန်သော ရာဇ၀တ်မှုများကို တရားစွဲဆို စီရင်ပိုင်ခွင့်ရှိသော အမျိုးမျိုးသော တရားရုံးများအကြောင်းကို တင်ပြသွားပါမည်။

Module 4: Modes of Liability. Module four will discuss liability for serious crimes, including the concepts of individual and command responsibility.

သင်ခန်းစာအခန်း ၄ တာဝန်ရှိခြင်း အသွင်သဏ္ဍာန်များ။ သင်ခန်းစာအခန်း ၄ သည် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အမိန့်ပေးသည့်စနစ်အရ တာဝန်ရှိမှုအကြောင်း သဘောတရားများ အပါအဝင် ပြင်းထန်သော ရာဇ၀တ်မှုများအတွက် တာဝန်ရှိမှုအကြောင်းကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။

Module 5: Universal Jurisdiction. Module five will highlight the importance and precedence of universal jurisdiction as an approach for seeking justice.

သင်ခန်းစာအခန်း ၅ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်၊ သင်ခန်းစာအခန်း ၅ တွင် တရားမျှတမှု ရှာဖွေရန်အတွက် ချဉ်းကပ်မှုတစ်ခုအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်၏ အရေးပါမှုနှင့် ပိုမို၍ အရေးကြီးမှုအကြောင်းကို  မီးမောင်းထိုးတင်ပြမည် ဖြစ်သည်။

Module 6: International Criminal Court. Module six will discusses the establishment and function of the ICC.

သင်ခန်းစာအခန်း ၆ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားခုံရုံး၊ သင်ခန်းစာအခန်း ၆ တွင် ICC ကို ဖွဲ့စည်းတည်ထောင်ခြင်းနှင့် လုပ်ငန်းဆောင်တာများအကြောင်း ဆွေးနွေးမည် ဖြစ်သည်။

Module 7: Final Reflection. This final module will provide space for personal reflection on this course focussed on the right to justice.

သင်ခန်းစာအခန်း ၇ နောက်ဆုံး ပြန်လည်ထင်ဟပ်သုံးသပ်ခြင်း၊ ဤနောက်ဆုံး သင်ခန်းစာသည် တရားမျှတမှု ရရှိခွင့် အခွင့်အရေးကို အာရုံစိုက်သည့် ဤသင်တန်းအပေါ် သင့်၏ အမြင်များကို ပြန်လည်ထင်ဟပ်သုံးသပ်နိုင်မည့် နေရာပင် ဖြစ်ပါသည်။  

Duration: 1.5 – 2 hours

ကြာမြင့်ချိန် – ၁ နာရီခွဲ မှ  ၂ နာရီ