Select Page
Topic Progress:

Violations of international criminal law can also result from a failure to act. Armed forces or groups are generally under a command that is responsible for the conduct of its subordinates.

နိုင်ငံတကာရာဇဝတ်မှုဥပဒေများကို ချိုးဖောက်ခြင်းသည် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်လည်း ဖြစ်ပွားစေနိုင်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် အုပ်စုများသည် လက်အောက်ငယ်သားများ၏ ပြုမူလုပ်ဆောင်မှုများအတွက် တာဝန်ရှိသော အမိန့်ပေးမှုတစ်ခုအောက်တွင် ဖွဲ့စည်းထားကြပါသည်။ 

In order to make the system effective, superiors in the chain of command should be held to account when they fail to take proper measures to prevent their subordinates from committing serious international crimes.

ထိုစနစ်ထိရောက်ရန်အတွက် အမိန့်ပေးမှုအဆင့်ဆင့်၏ အထက်အရာရှိများအနေဖြင့် ၎င်းတို့၏ လက်အောက်ငယ်သားများက ပြင်းထန်သော အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများကို မကျူးလွန်နိုင်ရန်အလို့ငှာ လုံလောက်သောအစီအမံများ ဆောင်ရွက်ရန် ပျက်ကွက်သောအခါများတွင် တာဝန်ခံစေရပါမည်။

Therefore, they may be held criminally responsible for criminal activities they did not directly do or order, but that they did not prevent or stop.

ထို့ကြောင့၎င်းတို့အနေဖြင့် တိုက်ရိုက်မကျူးလွန်သော်လည်း သို့မဟုတ် တိုက်ရိုက်အမိန့်ပေးခြင်းမရှိသော်လည်း တားမြစ်ခြင်း သို့မဟုတ် တားဆီးခြင်းမရှိခဲ့သောကြောင့် လက်အောက်ငယ်သားများ၏ လုပ်ဆောင်မှုများအတွက် ရာဇဝတ်ကြောင်းအရ တာဝန်ခံစေရပါမည်။

Article 28. Responsibility of commanders and other superiors.

အပိုဒ် ၂၈။ တပ်မှူးများနှင့် အခြားအထက်အရာရှိများ၏ တာဝန်။

Under this provision, military commanders are held criminally responsible for crimes committed by armed forces under their effective command and control, such as rape and any sexual violence used in war. This applies to instances where the superior knew or should have known about such crimes, or failed to take all necessary and reasonable measures to prevent their commission.

ဤပြဋ္ဌာန်းချက်အရ စစ်ဘက်ဆိုင်ရာတပ်မှူးများအား ၎င်းတို့၏ ထိရောက်သော ကွပ်ကဲမှုအောက်တွင်ရှိသော လက်နက်ကိုင်တပ်ဖွဲ့များက စစ်ပွဲတွင် ကျူးလွန်သော မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကဲ့သို့သော ရာဇ၀တ်မှုများအတွက် ရာဇဝတ်မှုအရ တာဝန်ခံရမည်ဖြစ်သည်။ ဤရာဇ၀တ်မှုများအကြောင်း တပ်မှုးများမှ သိထားခြင်း သို့မဟုတ် သိထားသင့်သည့် အခြေအနေများ၊ သို့မဟုတ် ၎င်းတို့၏ ကျူးလွန်မှုကို တားဆီးရန် လိုအပ်၍ ကျိုးကြောင်းဆီလျော်သော အစီအမံများအားလုံးကို ဆောင်ရွက်ရန် ပျက်ကွက်သည့် အခြေအနေသည်လည်း အကျုံးဝင်ပါသည်။

The crimes committed by the armed forces must have been a result of the failure of the commander to properly exercise control over them.

လက်နက်ကိုင်တပ်ဖွဲ့များက ကျူးလွန်သည့် ရာဇ၀တ်မှုများသည် ၎င်းတို့အား စနစ်တကျ ထိန်းချုပ်ရန် တပ်မှူး၏ ပျက်ကွက်ခြင်းကြောင့်ရရှိလာသော ရလဒ်ဖြစ်ရမည်။

In addition, there must be evidence beyond any reasonable doubt that the commander is responsible and the crimes were sufficiently widespread so that it is evident that they occurred during the ordinary implementation of the military action for which the commander is responsible. The goal of this provision is to encourage commanders and superiors to prevent effectively the perpetration of crimes by their forces.

ထို့အပြင် တပ်မှူးတွင် တာဝန်ရှိကြောင်း သံသယဖြစ်ဖွယ် သက်သေအထောက်အထားများ ရှိရမည်ဖြစ်သည်။ ရာဇ၀တ်မှုများ ကျယ်ပြန့်စွာဖြစ်ခဲ့ပြီး တပ်မှူးက တာဝန်ယူထားသည့် တပ်ဖွဲ့၏ ပုံမှန်စစ်ရေး လှုပ်ရှားမှုများတွင် ဖြစ်ပွားခဲ့ကြောင်း ထင်ရှားနေရမည်။ ဤပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်မှာ တပ်မှူးများနှင့် အထက်အရာရှိများအား ၎င်းတို့၏တပ်ဖွဲ့များ၏ ရာဇ၀တ်မှုကျူးလွန်ခြင်းများကို ထိရောက်စွာတားဆီးရေး တွန်းအားပေးရန်ဖြစ်သည်။