Select Page
Topic Progress:

Crime of aggression:

ကျူးကျော်ရန်စခြင်းရာဇဝတ်မှု

For the purpose of this Statute, “crime of aggression” means the planning, preparation, initiation or execution, by a person in a position effectively to exercise control over or to direct the political or military action of a State, of an act of aggression which, by its character, gravity and scale, constitutes a manifest violation of the Charter of the United Nations.

ဤစာချုပ်၏ ရည်ရွယ်ချက်အတွက် “ရန်စကျူးကျော်သည့် ရာဇဝတ်မှု” ဆိုသည်မှာ နိုင်ငံတစ်ခု၏ နိုင်ငံရေး သို့မဟုတ် စစ်ရေးရာများကို ထိန်းချုပ်သည့် သို့မဟုတ် အမိန့်ပေးနိုင်သည့် ရာထူးကို ထိထိရောက်ရောက်ကိုင်တွယ်ထားသော လူပုဂ္ဂိုလ်က ရန်စကျူးကျော်ရန် စီစဉ်ခြင်း၊ ပြင်ဆင်ခြင်း၊ စတင်ခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပြီး ၎င်း၏ အသွင်လက္ခဏာ၊ ကြီးလေးမှုနှင့် အတိုင်းအတာအရ ကုလသမဂ္ဂ၏ပဋိညာဉ်ကို ထင်ရှားစွာ ချိုးဖောက်ခြင်း ဖြစ်သည်။

For the purpose of paragraph 1, “act of aggression” means the use of armed force by a State against the sovereignty, territorial integrity or political independence of another State, or in any other manner inconsistent with the Charter of the United Nations. Any of the following acts, regardless of a declaration of war, shall, in accordance with United Nations General Assembly resolution 3314 (XXIX) of 14 December 1974, qualify as an act of aggression:

အပိုဒ် ၁ ၏ ရည်ရွယ်ချက်အတွက် “ရန်စကျူးကျော်သည့်လုပ်ရပ်” ဆိုသည်မှာ နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက် သို့မဟုတ် အခြားနိုင်ငံတစ်ခု၏ နိုင်ငံရေးလွတ်လပ်မှုကို ဆန့်ကျင်သည့် သို့မဟုတ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသော အခြားနည်းဖြင့် လက်နက်ကိုင်တပ်ဖွဲ့ကို အသုံးပြုခြင်းကို ဆိုလိုသည်။ စစ်ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ အောက်ပါ လုပ်ရပ် မှန်သမျှသည် ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၃၃၁၄ (XXIX) အရ ရန်စသည့် လုပ်ရပ်အဖြစ် သတ်မှတ်သည် –

The invasion or attack by the armed forces of a State of the territory of another State, or any military occupation, however temporary, resulting from such invasion or attack, or any annexation by the use of force of the territory of another State or part thereof;

(က) ယာယီအနေဖြင့်ပင်ဖြစ်စေ အခြားနိုင်ငံတစ်ခု၏ ပိုင်နက်နယ်မြေတစ်ခုကို လက်နက်ကိုင်တပ်ဖွဲ့များက ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခြင်း သို့မဟုတ် စစ်ရေးအရ သိမ်းပိုက်ခြင်း၊ ယင်းကျူးကျော်မှု သို့မဟုတ် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်များ၊ သို့မဟုတ် အခြားနိုင်ငံတစ်ခု၏ နယ်မြေ သို့မဟုတ် အစိတ်အပိုင်းကို အင်အားသုံး၍ သိမ်းပိုက်ခြင်း ;

Bombardment by the armed forces of a State against the territory of another State or the use of any weapons by a State against the territory of another State;

နိုင်ငံတစ်ခု၏ လက်နက်ကိုင်တပ်ဖွဲ့များက အခြားနိုင်ငံတစ်ခု၏ နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခြင်း သို့မဟုတ် နိုင်ငံတစ်ခုက အခြားနိုင်ငံတစ်ခု၏ နယ်နိမိတ်အပေါ် မည်သည့်လက်နက်အမျိုးအစားကိုမဆို အသုံးပြုတိုက်ခိုက်ခြင်း၊

The blockade of the ports or coasts of a State by the armed forces of another State;

နိုင်ငံတစ်ခု၏ ဆိပ်ကမ်းများ သို့မဟုတ် ကမ်းရိုးတန်းများကို အခြားနိုင်ငံတစ်ခု၏ လက်နက်ကိုင်တပ်ဖွဲ့များက ပိတ်ဆို့ထားခြင်း၊

An attack by the armed forces of a State on the land, sea or air forces, or marine and air fleets of another State;

နိုင်ငံတစ်ခု၏ လက်နက်ကိုင်တပ်ဖွဲ့များက အခြားနိုင်ငံတစ်ခု၏ ကုန်းမြေ၊ ပင်လယ်ကို တိုက်ခိုက်ခြင်း သို့မဟုတ် လေတပ်များ သို့မဟုတ်  ရေကြောင်းနှင့် လေကြောင်းတပ်များကို တိုက်ခိုက်ခြင်း၊

The use of armed forces of one State which are within the territory of another State with the agreement of the receiving State, in contravention of the conditions provided for in the agreement or any extension of their presence in such territory beyond the termination of the agreement;

သဘောတူညီချက်အရ အခြားနိုင်ငံတစ်ခု၏ နယ်မြေအတွင်းရှိနေကြသော နိုင်ငံတစ်ခုက လက်နက်ကိုင်တပ်ဖွဲ့များက သဘောတူညီချက်တွင်သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း သို့မဟုတ် သဘောတူညီချက်ကို အဆုံးသတ်ပြီးနောက်တွင် ထိုနယ်မြေအတွင်း ဆက်လက်နေထိုင်နေခြင်း;

The action of a State in allowing its territory, which it has placed at the disposal of another State, to be used by that other State for perpetrating an act of aggression against a third State;

၎င်း၏ပိုင်နက်နယ်မြေကို အသုံးပြုခွင့်ပေးသောလုပ်ရပ်ဖြစ်သည့် တတိယနိုင်ငံတစ်ခုကို ကျူးကျော်ရန်အတွက် အခြားနိုင်ငံတစ်ခုအား၎င်း၏နယ်မြေများကို အသုံးပြုခွင့်ပေးထားခြင်း၊

The sending by or on behalf of a State of armed bands, groups, irregulars or mercenaries, which carry out acts of armed force against another State of such gravity as to amount to the acts listed above, or its substantial involvement therein.

အထက်ဖော်ပြပါ လုပ်ရပ်ကဲ့သို့သော ကြီးလေးသည့်ကိစ္စဖြစ်သော အခြားနိုင်ငံတစ်ခုအပေါ် လက်နက်ကိုင်အင်အားအသုံးပြု တိုက်ခိုက်ရာတွငိနိုင်ငံတစ်ခု၏ သို့မဟုတ် နိုင်ငံတစ်ခုကို ကိုယ်စားပြုသည့် လက်နက်ကိုင်တပ်သား၊ အဖွဲ့များ၊ ပုံမှန်မဟုတ်သော သို့မဟုတ် ကြေးစား စစ်သားများကို ပေးပို့ခြင်း သို့မဟုတ် ယင်းတွင် ကြီးမားသော ပါဝင်ပတ်သက်မှု။