Select Page
Topic Progress:

Crimes against humanity are any of the following acts when committed as part of a widespread or systematic attack directed against any civilian population, with knowledge of the attack:

  1. murder
  2. extermination
  3. enslavement
  4. deportation or forcible transfer of population
  5. imprisonment or other severe deprivation of physical liberty in violation of fundamental rules of international law
  6. torture
  7. rape, sexual slavery, enforced prostitution, forced pregnancy, enforced sterilization, or any other form of sexual violence of comparable gravity
  8. persecution against any identifiable group or collectivity on political, racial, national, ethnic, cultural, religious, gender, or other grounds that are universally recognized as impermissible under international law
  9. enforced disappearance of persons
  10. the crime of apartheid
  11. other inhumane acts of a similar character intentionally causing great suffering, or serious injury to body or to mental or physical health.

လူသားမျိုးနွယ်စုအား ဆန့်ကျင်သည့်ရာဇဝတ်မှုများသည် အရပ်သားပြည်သူများအပေါ် ကျယ်ပြန့်၍ စနစ်တကျစီစဥ်သော တိုက်ခိုက်မှုများကို သိရှိလျှက် ကျူးလွန်သည့် အောက်ပါလုပ်ရပ်များကို ဆိုလိုသည်။ 

  1.     သတ်ဖြတ်မှု
  2.     သုတ်သင်ရှင်းလင်းခြင်း
  3.     ကျွန်ပြုခြင်း
  4.     တိုင်းပြည်မှ နှင်ထုတ်ခြင်း သို့မဟုတ် လူဦးရေကို အတင်းအဓမ္မရွှေ့ပြောင်းခြင်း
  5.     ဖမ်းဆီးချုပ်နှောင်ခြင်း သို့မဟုတ် နိုင်ငံတကာဥပ‌ဒေ၏ အခြေခံစည်းမျည်းများကို ချိုးဖောက်၍ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ပြင်းထန်စွာ တားမြစ်ပိတ်ပင်ထားခြင်း
  6.     နှိပ်စက်ညှဥ်းပန်းမှု
  7.     မုဒိန်းမှု၊ လိင်ကျွန်ပြုခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခြင်း၊ အတင်းအဓမ္မ ကိုယ်၀န်ဆောင်စေခြင်း၊ အတင်းအကြပ် သားကြောဖြတ်စေခြင်း၊ သို့မဟုတ် ၎င်းတို့နှင့်  အလားတူ ပြင်းထန်လွန်းသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံများ
  8.     နိုင်ငံရေး၊ လူမျိုးရေး၊ နိုင်ငံသား၊ လူမျိုးစု၊ ယဥ်ကျေးမှု၊ ဘာသာရေး၊ လိင်ကွဲပြားမှု သို့မဟုတ် အခြား ပုံစံပေါ်အခြေခံ၍ မည်သည့်အုပ်စုကိုမဆို နိုင်ငံတကာဥပဒေများမှ ခွင့်မပြုနိုင်သောအချက်များဖြင့် ဖိနှိပ်ကန့်သတ်ခြင်း
  9.     လူပုဂ္ဂိုလ်များအား အစဖျောက်ခြင်း
  10. လူ့အသားအ‌ရောင်ခွဲခြားခြင်း ရာဇဝတ်မှု
  11. အခြား ရည်ရွယ်ချက်ရှိရှိ ပြင်းထန်စွာနာကျင်စေရန် လူသားမဆန်သော လုပ်ဆောင်မှုများ သို့မဟုတ် ခန္ဓာကိုယ်ကို နာကျင်ဒဏ်ရာရစေခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာတို့ကို ထိခိုက်စေခြင်း