Select Page

အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် အောက်ဖော်ပြပါ ရည်မှန်းချက်များကို မြှင့်တင်ပေးသင့်သည်။

  • တရားဥပဒေစိုးမိုးရေးကို အများပြည်သူရေးရာအဖွဲ့အစည်းများက အစဉ်သဖြင့် တစ်သမတ်တည်း ထိန်းသိမ်းလိုက်နာဆောင်ရွက်ခြင်း။
  • လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်/သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေများအား ချိုးဖောက်မှုများကို အထောက်အပံ့ပေးသော သို့မဟုတ် တရားဝင်ခွင့်ပြုသော ဥပဒေများကို ရုပ်သိမ်းရေးနှင့် ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို အကာအကွယ်ပေးသည့် အစီအမံများအပါအဝင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာရေး သေချာစေရန်အတွက် ဥပဒေပြု ပြဌာန်းရေး။
  • စစ်ဘက်နှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများအား အရပ်ဖက် ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းနှင့် အခြား လက်နက်ကိုင် တပ်ဖွဲ့များအား (နိုင်ငံရေးခေါင်းဆောင်များ/အဖွဲ့အစည်းများနှင့် နိုင်ငံအတွက် ဖွဲ့စည်းထားသော အခြားသမရိုးကျမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ) ဖျက်သိမ်းရေး။
  • လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော ကလေးသူငယ်များအား လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းခြင်း။