Select Page
Topic Progress:

ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ 

မကြာခဏ သတိမထားမိကြသော်လည်း၊ ပညာရေးသည် အတိတ်က လူ့အခွင့်အရေးချိုဖောက်မှုများ ထပ်မံမဖြစ်ပွားအောင် အာမခံရာတွင် အဓိကအရေးကြီးသော သော့ချက်အဖြစ် ဆောင်ရွက်နိုင်ပါသည်။ ပညာရေးသင်ရိုးညွှန်တမ်းများသည် အတိတ် အဖြစ်အပျက်များ၏ အမှန်တရားကို မြှင့်တင်ပေးနိုင်ပြီး တည်တံ့သောငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်ပါသည်။ ပညာရေးတွင် စံနှုန်းအသစ်များကို ပုံဖော်နိုင်သည့် ဖန်တီးနိုင်စွမ်းရှိ၍ အတိတ်အဖြစ်အပျက်နှင့်ပတ်သက်၍ ခိုင်ခိုင်မာမာပြောဆိုနေမှုများအကြား ပြေလည်မှုရရှိစေနိုင်ပြီး မျိုးဆက်များအကြား လူ့အခွင့်အရေးကို လေးစားသောဓလေ့ကို  ပျိုးထောင်ပေးနိုင်သည်။

မီဒီယာများကို ပြုပြင်ပြောင်းလဲခြင်း

အာဏာရှင်အစိုးရများ၏ အမှတ်အသားတစ်ခုမှာ မီဒီယာကို ထိမ်းချုပ်ခြင်း သို့မဟုတ် ဖိနှိပ်ခြင်းပင်ဖြစ်ပါသည်။ ထိုအကြောင်းကြောင့် အသွင်ကူးပြောင်းနေသောလူ့အသိုက်အဝန်းသည် ၎င်း၏ (အသွင်ကူးပြောင်းနေပြီဖြစ်ကြောင်း) သွင်ပြင်လက္ခဏာကို မီဒီယာများတွင် ထင်ဟပ်နေစေရန်နှင့် ၎င်းမီဒီယာများ၏ လွပ်လပ်ပွင့်လင်းမှုနှင့် သတင်းထောက်ဂျာနယ်လစ်များကို လုံလောက်စွာကာကွယ်ပေးရန် သေချာစေသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။