Select Page

ဤသင်တန်းအကြောင်း

နှစ်ပေါင်းများစွာကြာမြင့်သော များပြားလွန်းလှသည် ကျူးလွန်ချိုးဖောက်မှုများနှင့် အာဏာရှင်အုပ်ချုပ်မှုက နိုင်ငံသားများနှင့် နိုင်ငံတော်အကြား ဆက်ဆံရေးကို ဆိုးရွားစွာပျက်စီးစေပါသည်။ ထိုဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန်အတွက် အစိုးရအနေဖြင့် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုမှ နိုင်ငံသားများကို ကာကွယ်ပေးရေးဖြစ်သည့် ၎င်း၏ပင်မတာဝန်ကို လစ်ဟင်းမှုကို အလေးထားကြောင်းနှင့် တာဝန်ယူတာဝန်ခံကြောင်း သတင်းစကားပေးရန် လိုအပ်ပါသည်။ 

အထူးသဖြင့် နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်နေသူများ (အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ) သည် ထိုချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်၍ ကျူးလွန်သူများ ဖြစ်နေသောအခါတွင် ပိုမို၍ပင် အရေးကြီးပါသည်။ ထိုတာဝန်ကိုဖြည့်ဆည်းရန်အတွက် သော့ချက်ကျသော နည်းလမ်းတစ်ခုမှာ ကျူးလွန်ခံရသူများနှင့် သူတို့၏ မိသားစုများ၏ ဘဝကို ပြန်လည်ပြင်ဆင်ကုစားရန်အတွက် ထိရောက်သောအစီအစဉ်များကို ဆောင်ရွက်ပေးခြင်းပင် ဖြစ်ပါသည် (ပြန်လည်ကုစားရေးအစီအစဉ်များ)။ 

ဤသင်ရိုးသည် ကျူးလွန်ခံရသူများကို ကူညီပံ့ပိုးခြင်းနှင့် ပြန်လည်ကုစားခြင်းအစီအစဉ်များကို သင်တန်းသားများအနေဖြင့် ပိုမို၍နားလည်လာစေရန် ရည်ရွယ်ပါသည်။ ထို့အပြင် ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် ဆောင်ရွက်နေကြသူများ၏ စွမ်းဆောင်ရည်များကို တည်ဆောက်ပေးရန် ရည်ရွယ်ပြီး ပါဝင်လေ့လာသူများအား လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူတာဝန်ခံမှုအကြောင်းနှင့်ပတ်သက်၍ သူတို့၏ အတွေ့အကြုံများကို အွန်လိုင်းနည်းလမ်း (အွန်လိုင်းပလက်ဖောင်း) မှတဆင့် မျှဝေခွင့်ပြုမည်ဖြစ်ပါသည်။ 

သင်ရိုးအသေးစိတ်

  • မိမိနှစ်သက်သလိုဆောင်ရွက်နိုင်ခြင်းနှင့် တစ်ဦးချင်းစီ လေ့လာခြင်း။ ဤသင်ရိုးကို စတင်ပြီး သင့်ကိုယ်ပိုင် အချိန်ဇယားဖြင့် လေ့လာနိုင်သည်။ 
  • ၁၀၀% အွန်လိုင်း
  • အလယ်အလတ်အဆင့် 
  • ကြိုတင်လေ့လာနားလည်ထားရမည့် ဗဟုသုတ – အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု မိတ်ဆက်
  • ပြီးဆုံးရန်အတွက် ခန့်မှန်းခြေ ၁ နာရီ ခွဲမှ ၂ နာရီအတွင်း
  • အင်္ဂလိပ်ဘာသာစကား

Course Content

Lessons Status
1

မိတ်ဆက် (Introduction)

2

အခြေခံသဘောတရားများနှင့် နယ်ပယ် ( အပြည့်အစုံဖတ်ရန်) (Basic concepts and scope)

3

ပြန်လည်ကုစားခြင်းအစီအစဉ် အမျိုးအစားများ (ခေါင်းစဉ် ၂ခု ပါရှိ၊ အပြည့်အစုံဖတ်ရှုရန်) (Types of Reparations)

4

လက်တွေ့ဆောင်ရွက်မှုများမှတဆင့် သင်ယူခြင်း (ခေါင်းစဉ် ၃ခု၊ အပြည့်အစုံဖတ်ရန်) (learning from practice)

5

အောက်မေ့သတိရအထိမ်းအမှတ်အဆောက်အဦများနှင့် အောက်မေ့သတိရအထိမ်းအမှတ်ပြုခြင်းအစီအစဉ်များ(ခေါင်းစဉ် ၂ခု၊ညဏ်စမ်း၁ ခု၊ အပြည့်အစုံဖတ်ရန်) (Memorials and Memorialisation)

6

ပြန်လည်သုံးသပ်ခြင်းနှင့် နိဂုံးချုပ်ခြင်း (ညဏ်စမ်း ၁ခု၊ အကျယ်ဖတ်ရန်) (Reflection and Closing)