Select Page

ဤသင်တန်းအကြောင်း

မကြာသေးမီ ဆယ်စုနှစ်များအတွင်း နိုင်ငံအများအပြားသည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှု ဆောင်ရွက်ခဲ့ကြသည်။ ဤအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးစသည့် အဓိကကျသော အဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲရန် အောင်မြင်သော ကြိုးပမ်းမှုများနှင့် မအောင်မြင်သည့် ကြိုးပမ်းမှုများလည်း ပါဝင်သည်။ ခြေလှမ်းအချို့မှာ လမ်းကြောင်းမှန်သို့ လှမ်းနေကြသော်လည်း နိုင်ငံအများအပြားတွင် နိုင်ငံတော်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် ဒီမိုကရေစီ လွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ်မှုများ တိုးမြင့်လာသည်ကို တွေ့မြင်နေရသည်။

ထိုင်းနှင့် မြန်မာနိုင်ငံကဲ့သို့သော အာရှတိုက်ရှိ နိုင်ငံအများအပြားသည် လုံခြုံရေးကဏ္ဍတွင်သာမက စီးပွားရေး၊ နည်းပညာနှင့် ပညာရေးတို့တွင်လည်း စစ်တပ်လွှမ်းမိုးမှု နမူနာများကို မြင်တွေ့နိုင်ပါသည်။ ဤအခြေအနေတွင် လုံလောက်သော တရားရေးကဏ္ဍ၏ ကြီးကြပ်မှု သို့မဟုတ် အရေးယူမှုမရှိဘဲ လုံခြုံရေးအဖွဲ့များ၏ အဖွဲ့ဝင်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးပွားလာစေနိုင်သည်။

ထို့အပြင် အစိုးရအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ လွမ်းမိုးမှုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို ကန့်သတ်နိုင်ကြောင်း သက်သေပြလျှက်ရှိပြီး အရပ်သားများအတွက်နေရာများ ပိုမိုကျဉ်းမြောင်းသွားစေနိုင်သည်။ ထို့အပြင် နိုင်ငံရေးတွင် လုံခြုံရေးတပ်ဖွဲ့များ၏ လွှမ်းမိုးထားခြင်းကြောင့် ရဲ၊ စစ်တပ်နှင့် ထောက်လှမ်းရေး အေဂျင်စီများ၏ သမိုင်းဆိုင်ရာ ချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တာဝန်ယူတာဝန်ခံစေရန် ဆောင်ရွက်နိုင်စွမ်းရည်ကိုလည်း ကန့်သတ်ခံရသည်။

ထို့ကြောင့် ကျူးလွန်သူများအား အတိတ်က ရာဇ၀တ်မှုများအပေါ် တာဝန်ယူတာဝန်ခံစေရန်နှင့် နောင်တွင် အလားတူ လူ့အခွင့်အရေးချိုးဖောက်မှုများကို မပေါ်ပေါက်လာစေရေး တားဆီးနိုင်ရန် အဓိကကျသည့် အင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲရန် အရေးကြီးပါသည်။

ဤသင်တန်းသည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတွင် အင်စတီကျူးရှင်းများဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၏ အရေးပါမှုနှင့်ပတ်သက်၍ ဒေသတွင်း လူ့အခွင့်အရေး မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ နားလည်မှုအသိပညာ တိုးမြှင့်ရန်နှင့် စွမ်းရည်များ တည်ဆောက်ရန် ရည်ရွယ်ပါသည်။ သင်တန်းသား/သူများအနေဖြင့် သူတို့၏ ဒေသအခြေအနေများမှ အတွေ့အကြုံများနှင့် သင်ခန်းစာများကို မျှဝေရန် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။

သင်ရိုးအသေးစိတ်

  • မိမိနှစ်သက်သလိုဆောင်ရွက်နိုင်ခြင်းနှင့် တစ်ဦးချင်းစီ လေ့လာခြင်း။ ဤသင်ရိုးကို စတင်ပြီး သင့်ကိုယ်ပိုင် အချိန်ဇယားဖြင့် လေ့လာနိုင်သည်။ 
  • ၁၀၀% အွန်လိုင်း
  • အလယ်အလတ်အဆင့် 
  • ကြိုတင်လေ့လာနားလည်ထားရမည့် ဗဟုသုတ – အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု မိတ်ဆက်
  • ပြီးဆုံးရန်အတွက် ခန့်မှန်းခြေ ၁ နာရီ ခွဲမှ ၂ နာရီအတွင်း
  • အင်္ဂလိပ်ဘာသာစကား

Course Content

Lessons Status
1

မိတ်ဆက် (Introduction)

2

အခြေခံသဘောတရား (ခေါင်းစဉ် ၂ ခု| အပြည့်အစုံဖတ်ရှုရန်) (Basic Concept: Guarantee for Non-Recurrence)

3

မည်သည့်အင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်သနည်း? (Which Institutions Need Reform?)

4

အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုပုံစံများနှင့် ဆောင်ရွက်လေ့ရှိသည့် အလေ့အထများ (Models and Practices of Institutional Reform)

5

နောက်ဆုံး ပြန်လည်ထင်ဟပ်သုံးသပ်ခြင်း (Reflection and Closing)